နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် မြစ်ဆုံဆည်စီမံကိန်းရပ် ဆိုင်းရေး ရှင်းလင်းစွာမပြောသည့်အပေါ် စိုးရိမ် မိကြောင်း မြစ်ဆုံဒေသခံအချို့က ပြောသည်။
မတ်လ ၁၄ ရက်ကပြည်မြို့၌ ပြုလုပ်သည့် လူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံ ကိန်းအပါအ၀င် ကြီးကျယ်သည့် စီမံကိန်းများကို အစိုး ရက တာဝန်သိသိဖြင့်
ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြစ်ဆုံအပါအ၀င် စီမံကိန်းများ နှင့် ပတ်သက်၍ ပြည်သူလူထုက အမြင်ကျယ်ကျယ်ဖြင့် အဘက် ဘက်က စဉ်းစားစေချင်ကြောင်း ပြောကြားခြင်းအပေါ် စိုးရိမ်မိ သည်ဟု ဒေသခံ ဒေါ်လုရာက ပြောသည်။
‘‘အမြင်ကျယ်ရမယ်လို့ပြော သွားတယ်။ အမြင်ကျယ်လို့မြစ် ဆုံရေအားလျှပ်စစ်စီမံကိန်းမလုပ် ဖို့ကျွန်မတို့က ကန့်ကွက်နေတာ၊ ကျွန်မတို့ ပြောချင်တာကဒီ Dam ကို လုံးဝဖျက်သိမ်းပေးဖို့ ဒီဟာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေး ပါ၊ ဒီဟာကို ဖျက်သိမ်းပေးပါလို့ တောင်းဆိုတာ’’ ဟု ဒေါ်လုရာက ပြောသည်။
မြစ်ဆုံဒေသခံများအပါအ ၀င် ဘာသာရေးခေါင်းဆောင်များ သည် မတ်လ ၁၄ ရက်တွင်ကျ ရောက်သည့် နိုင်ငံတကာမြစ် ချောင်းအင်းအိုင်များနေ့၌ မြစ် ဆုံဆည်စီမံကိန်းမဆောင်ရွက် ရေးဆုတောင်းပွဲပြုလုပ်ပြီး ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့သည်။
အစိုးရအနေဖြင့် မြစ်ဆုံစီမံ ကိန်းအပေါ်ရှင်းလင်းစွာ ပြောဆို ခြင်းမရှိသေးသော်လည်း ကချင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်အပါအ၀င်အာဏာရ ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထိပ်ပိုင်းခေါင်းဆောင်များက မြစ်ဆုံဆည်စီမံကိန်း လူထုဆန္ဒ အတိုင်းဖြစ်စေရမည်ဟု ပြော ကြားထားသည်။
7Day







0 comments:
Post a Comment