Saturday, March 16, 2019

လူကုန်ကူးမှုနဲ့ မိသားစုဘဝ ဒရာမာဇာတ်ကားမှာ သတင်းထောက်အဖြစ်တွေ့ရမယ့် နေတိုး


Box.No 88 ရုပ်ရှင် ဇာတ်ကားတွင် သတင်းထောက် အဖြစ် သရုပ်ဆောင်ထားကြောင်း နေတိုးက ပြောသည်။ 
လူကုန်ကူးမှုနှင့်မိသားစုဘဝ အကြောင်း ဦးစားပေးရိုက်ကူးမည့် ဒရာမာဇာတ်ကားဖြစ်ပြီး ရန်ကုန်၊ အောင်ပန်းနှင့် ဘန်ကောက်တွင် ရိုက်ကူးမည်ဖြစ်သည်။ 

‘‘ပြည်တွင်းမှာ စစ်နဲ့ငြိမ်းချမ်း ရေးအတွက်ကို သတင်းလိုက်ရတဲ့ ခက်ခက်ခဲခဲ စွန့်စားခန်းပုံစံမျိုး သရုပ်ဆောင်ရမှာပါ။ ပြီးရင် မိသားစုဘဝတစ်ခုကို အကောင်း ဆုံး တည်ဆောက်ရင်းနဲ့မှ ကိုယ့် ရဲ့သမီးလေးနဲ့ပတ်သက်ပြီး လူ ကုန်ကူးတိုက်ဖျက်ရေးရော၊ သ တင်းမီဒီယာအသိုင်းအဝိုင်းက ရော၊ ကိုယ်ကိုယ်တိုင်ကရော လိုက်ပြီး ဖြေရှင်းရတဲ့ဇာတ်ကောင် စရိုက်နေရာက သရုပ်ဆောင်ရမှာ ပါ’’ ဟု နေတိုးကပြောသည်။ 

ယင်းဇာတ်ကားကို ဒါရိုက် တာ ဝင်းလွင်ထက်က ပုံဖော်ရိုက် ကူးမည်ဖြစ်ပြီး နေတိုးနှင့်အတူ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊ ကာ ရာဗီ၊ ရွှေရင်အေး၊ မျိုးသက်ပိုင် နှင့် ကလေးသရုပ်ဆောင် အိန် ဂျယ်တို့က အဓိကပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။ 

‘‘ဇာတ်လမ်းက မီဒီယာ လောကရဲ့ ဇာတ်လမ်းတစ်ခု မ ဟုတ်ဘူး။ ဒါပေမဲ့ ဇာတ်ကောင် တစ်ခုအရ ကျွန်တော်တို့ မိသားစု ဘဝတစ်ခုမှာ ခက်ခဲမှုလေးတွေ၊ ဘဝတစ်ခုကို ရုန်းကန်ရတဲ့ မိ သားစုဘဝတစ်ခုအနေနဲ့ ပိုပြီး တော့ ထင်ဟပ်စေတယ်။ ဒရာမာ ဇာတ်ကားဆိုပေမယ့် ပျင်းစရာမ ကောင်းတဲ့ပုံစံ၊ ငြီးငွေ့စရာမ ကောင်းတဲ့ပုံစံပေါ့။ မိသားစုဒရာ မာကို တင်ပြပုံပြောင်းထားပါ တယ်’’ ဟု သရုပ်ဆောင်နေတိုးက ပြောသည်။

7Day

0 comments:

Post a Comment