ရခိုင်ပြည်နယ်သည် အင်အားကြီး နိုင်ငံများ၏ ကစားကွက်ဖြစ်သလို ပြည်တွင်းနိုင်ငံရေး ကစားလိုသူများ၏ အကြိုက်လည်းဖြစ် နေကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
မတ်လ ၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက် နေ့တွင် ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဥာဏ်ထွန်းတင်သွင်းသည့် OIC, EU, UNHCR တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေ အနေဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ်လုပ်ဆောင်နေမှုများသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့နေပြီး နိုင်ငံတော်ပြိုကွဲရေး ထောင်ချောက် ဆင်ထားသည့် လုပ်ဆောင်မှုများဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအားလုံး အစွဲကင်းကင်းဖြင့်စည်းလုံးညီညွှတ်စွာ တုံပြန်သွား ရေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အိမ်ငှားက အိမ်ရှင်ကို နှင်ချတာကို အားပေးအားမြှောက်ပြုနေတဲ့ ကမ္ဘာ့နိုင်ငံများဟာ လူအခွင့်အရေးကို အကြောင်းပြချက်နဲ့ ကုလသမဂ္ဂကို အကြောင်းပြကာ မြန်မာနိုင်ငံကို စနစ်တကျ တိုက်ခိုက်နေတာ ထင်ရှားနေပါတယ်။ တစ်ဖက်မှာလည်း အကျပ်အ တည်း ရောက်နေတဲ့ မြန်မာနိုင်ငံအပေါ် အပေါ်ယံသာကောင်းပြီး အမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ နိုင်ငံတကာတွေလည်း ရှိပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ဟာ အင်အားကြီး နိုင်ငံတချို့ရဲ့ကစားကွက်ဖြစ်သလို ပြည်တွင်းက နိုင်ငံရေးကစားလိုသူများရဲ့ အကြိုက် ဆိုရင်လည်း မမှားပါဘူး” ဟု ဒေါ်ထုမေက ပြောသည်။
ပြည်တွင်းမှ ကိုယ်ကျိုးစီးပွားကိုကြည့် နိုင်ငံရေးကစားမည်ဆိုပါက တိုင်းပြည်၏ နစ်နာမှုက ကုစားရမည်မဟုတ် ကြောင်း ၎င်းက ပြောသည်။
၃၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီကို တင်သွင်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေ ရေးကော်မရှင်၊ အီးယူနှင့် လူ့အခွင့်ရေးကောင်စီသည် အကွက်ကျကျ စီမံခဲ့ခြင်းဖြစ်ကြောင်း အဆိုရှင် ဦးဥာဏ်ထွန်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။
ရခိုင်အရေးကို တာဝန်ယူဖြေရှင်းကြရမည့်ပုဂ္ဂိုလ်များသည် ရခိုင်ပြည်သူများ၏ ဆန္ဒနှင့် ကင်းကွာ၍ ရမည်မဟုတ်ကြောင်းနှင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကိုလည်း မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်ထုမေ ကပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မောင်တောတွင် ဘင်္ဂလီဦးရေ ၉၄ ရာခိုင်နှုန်းနှင့် ဘူးသီးတောင်တွင် ၈၄ ရာခိုင်နှုန်း ခန့်ရှိ ကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment