ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက် ဆောက်ပျက်ရပ်တွင် မတ်လ ၅ ရက် ည ၉ နာရီခန့်က လျှပ်စစ်မီးချောင်း ဝါယာကြိုးများ အပူလွန်ကဲရာမှတစ်ဆင့် ဂိုဒေါင်တစ်လုံးမီးလောင်ခဲ့ကြောင်း ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။
“ဂိုဒေါင်မှာထွန်းထားတဲ့ မီးချောင်းက ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့တာပါ။ သူ့ခြံထဲက နေအိမ်အပါအဝင် ပတ်ဝန်းကျင်နေအိမ်တွေကို မီးမလောင်အောင် မီးသတ်ယာဉ်ခြောက်စီးနဲ့ ဝိုင်းငြှိမ်းခဲ့ရတယ်။ လူနဲ့တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမရှိခဲ့ပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါဖြစ်စဉ်တွင် ဝက်ခေါက်များ၊ ဖျာများနှင့် မော်တော်ကားတာယာများ သိုလှောင်ထားသည့် ပေ ၄၀ x ၁၅ ပေ သွပ်မိုး၊ အုတ်ညှပ် ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ၇၅၀၀၀၀ ကျပ်ရှိပြီး ပိုင်ရှင်ဖြစ်သူ ဦးနန်ပျဲင်း (၆၅ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
The Voice









0 comments:
Post a Comment