Saturday, March 16, 2019

၂၀၃၀ ပြည့်​နှစ်​မှာ ပလတ်​စ​တစ်​​တွေသိသိသာသာ​လျှော့ချဖို့ ကုလသမဂ္ဂဆုံးဖြတ်​ချက်​ကတိပြု


၂၀၃၀ ပြည့်​နှစ်​မှာ ပလတ်​စတစ်​အသုံးပြုမှုသိသိသာသာ​လျှော့ချဖို့ နိုင်​ငံ​ပေါင်း ၁၇၀ က ကတိပြုခဲ့ပါတယ်​။ 
ကင်​ညာနိုင်​ငံမြို့​တော်​နိုင်​ရိုဘီမှာ ငါးရက်​ကြာကုလသမဂ္ဂသဘာဝပတ်​ဝန်းကျင်​ဆိုင်​ရာညီလာခံကျင်းပခဲ့ပြီး​နောက်​ ပလတ်​စတစ်​အိတ်​လိုမျိုးပစ္စည်း​တွေလွှင့်​ပစ်​တာအတွက်​ ဥပ​ဒေအရမဟုတ်​တဲ့သ​ဘောတူညီချက်​ပြုလုပ်​ခဲ့တာပါ။ 

၂၀၂၅ ခုနှစ်​​နောက်​ဆုံးထားပြီး တစ်​ခါသုံးပလတ်​စတစ်​အသုံးမပြုဖို့ အစဦးအဆိုပြုချက်​ကို အ​မေရိကန်​အပါအဝင်​နိုင်​ငံ​တော်​​တော်​များများက ဆန့်​ကျင်​ခဲ့ကြပါတယ်​။ 

ကမ္ဘာ့သမုဒ္ဒရာကြီး​ခြောက်​ခုထဲ ပလစ်​စတစ်​တစ်​နှစ်​ကိုတန်​ချိန်​ ၈ သန်း​ကျော်​ဝင်​​ရောက်​​နေပါတယ်​။ 

အဲဒီအစည်းအ​ဝေးကို သဘာဝပတ်​ဝန်းကျင်​ဆိုင်​ရာဝန်​ကြီး​တွေ၊ သိပ္ပံပညာရှင်​​တွေနဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေအပါအဝင်​ လူ ၄၇၀၀ ​ကျော်​တက်​​ရောက်​ခဲ့ပါတယ်​။ 

အခုသ​ဘောတူညီချက်​အပြင်​ အစားအစာစွန့်​ပစ်​မှု​လျှော့ချဖို့နဲ့ ​ဖွံ့ဖြိုးတိုးတက်​လာတဲ့စည်းမျဉ်း​တွေနဲ့အညီ ဒေသခံလူမျိုးစု​တွေကိုအကြံပြု​ဆွေး​နွေးဖို့​လိုကိစ္စရပ်​​တွေကိုလည်း အဲဒီညီလာခံမှာသ​ဘောတူနိုင်​ခဲ့ပါတယ်​။ 

Source-BBC 
#ဥက္ကာ 
#TheFifthWaveNews

0 comments:

Post a Comment