မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် တရုတ် ကုန်သည်များ၊ လုပ်ငန်းရှင်များအနေနှင့် ချိတ်ဆက်လုပ်ဆောင်ရန်အတွက် တရုတ်သံအမတ်ကြီးတောင်းဆိုမှုအရ Myanmar China Business Association ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်း ချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောသည်။
"ဒီအဖွဲ့နဲ့ ချိတ်ဆက်လုပ်ဖို့ဆိုပြီး သံရုံးကလဲ ဆောင်ရွက်သွားမယ့် အစီစဉ်လေးတွေရှိတဲ့အတွက် နောက်ပိုင်းမှာ ဝင်ရောက်လာမယ့် တရုတ်လုပ်ငန်းရှင်တွေ ဘက်က စနစ်တကျ ဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့ အနေအထားဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
နိုင်ငံအလိုက် စီးပွာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးရာတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက လွန်စွာလုပ်ချင်ကိုင်ချင်စိတ်များ ရှိသောကြောင့် တရုတ်သံအမတ်ကိုယ်တိုင် လာရောက်တွေ့ဆုံ၍ Myanmar China Business council ဖွဲ့စည်းချင်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။
ယင်းကဲ့သို့ Myanmar China Business council ဖွဲ့ချင်ကြောင်းပြောဆိုခဲ့သော်လည်း council စကားလုံးသည် ဥပဒေကြောင်းအရ သုံးနှုန်းမရသောကြောင့် Association အနေနှင့်သာ ဖွဲ့စည်းသွားမည်ဖြစ်သည်။
"အခုအခက်အခဲတခုက ကျွန်တော်တို့ဆီက ထောက်ခံချက်တွေ ပို့တဲ့နေရာမှာ တချို့လဲ လုပ်ငန်းရှင်တွေ တရုတ်ဘက်ကလာပြီး သူတို့ဟာသူတို့ Association တွေဖွဲ့တယ်။ သံရုံးကိုမေးတဲ့ အခါ တချို့သံရုံးကတော့မသိဘူး ။တကယ်ပဲ သူတို့ ဘယ်လောက် Responsible ဖြစ်လဲ ဘယ်လောက်ထိ Ethical ရှိလဲဆိုတာ မသိတဲ့အခါမျိုးဖြစ်တဲ့အတွက် နောက်ပိုင်း တရုတ်တွေဘက်က လာပြီးရင်းနှီးမြှုပ်နှံတဲ့အခါမှာ တကယ်စနစ်ကျတဲ့ ပုံစံမျိုးဖြစ်အောင်ဆိုပြီး ဒီ Association က နောက်ပိုင်းမှာ ပိုအားထည့်ပြီးတော့ လုပ်သွားမှာပါ"ဟု ဦးဇော်မင်းဝင်းကပြောသည်။
လက်ရှိတွင် Myanmar China Business Association အနေနှင့် ဖွဲ့စည်းရန် မှတ်ပုံတင်ထားပြီးဖြစ် သည်။
တရုတ်နိုင်ငံဘက်က အမှန်တကယ် လုပ်ချင်ကိုင်ချင်ကြသူများ ၊အမှန်တကယ်လုပ်ကိုင် နေကြသော လုပ်ငန်းရှင်ကြီးများပါဝင်သည့် အဖွဲ့ကိုလည်း စာရင်းပြုစု၍ သံရုံး၏ အကူအညီဖြင့် ၎င်းတို့ဘက်က လုပ်ဆောင်နိုင်သည့် လုပ်ငန်းရှင်များ အမှန်တကယ် တာဝန်ယူမှု ၊တာဝန်ခံမှုရှိသော ကျင့်ဝတ်နှင့် ညီသော စီးပွားရေးလုပ်ငန်းရှင်များ ပါရှိရန် အရေးကြီးသည်ဟုဆိုသည်။
မြန်မာနိုင်ငံအတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံ၏ Belt and Road တွင် မြန်မာနိုင်ငံက ပါဝင်မည်ဖြစ်သောကြောင့် ဝင်ရောက်လုပ်ကိုင်ရန် လာရောက် စုံစမ်းမှုများရှိကြောင်း သိရသည်။
ထို့ပြင် Belt and Road နှင့်ပတ်သက်၍ အားနည်းချက် ၊အားသာချက်များအား မည်ကဲ့သို့ လုပ်ဆောင်မည်ကို ကုန်သည်စက်မှုအသင်းချုပ်နှင့် NLD စီးပွားရေးကော်မတီတို့ မတ်လ ၁၅ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ဝေဝေဖြိုး
The Fifth Wave News







0 comments:
Post a Comment