Thursday, March 7, 2019

လမ်းဦးစီးက ဆောက်သည့်တံတားတစ်စင်းကုန်ကျငွေအား ပြည်သူကိုပေးပြီး ဆောက်ခိုင်းပါက တံတား ၇ စင်းရမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုထောက်ပြ


ကျေးလက်လမ်းဦးစီးမှ ဆောက်လုပ်သည့် တံတားတစ်စင်း၏ ကုန်ကျငွေကို ပြည်သူများအားပေးပြီးဆောက်ခိုင်းပါက တံတား (၇) စင်းခန့် ဆောက်၍ရကြောင်း မင်းတုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနု ကပြောသည်။ 
မတ်လ ၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ဦးဇော်မင်းသိန်း၊ လေးမျက်နှာ မဲဆန္ဒနယ်က တင်သွင်းသည့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကကျသည့် ကျေးလက်နေ ပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်နိုင်ရန် မဖြစ်မနေ ဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက်လမ်း၊ တံတားများတည်ဆောက် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ 
“ကျေးလက်လမ်းဦးစီးဌာနက ဆောက်လုပ်တဲ့တံတားထက် ပြည်သူလုပ်တဲ့တံတားရဲ့ ကုန်ကျငွေဟာ များစွာကွာဟနေပါတယ်။ ကျေးလက်လမ်းဦးစီးက ဆောက်လုပ်တဲ့တံတားရဲ့ ကုန်ကျငွေကို ပြည်သူကိုပေးပြီး လုပ်ခိုင်းမယ်ဆိုရင် ဒီလိုတံတားမျိုး ခုနှစ်စင်းလောက်ရမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့မြို့နယ်မှာ ဒီလိုတံတားမျိုး အစင်း ၂၀၀ လောက်ဖို့ ကျန်ရှိနေပါတယ်”ဟု ဒေါ်ခင်သန်းနုက ပြောသည်။ 
၂၀၃၀ တွင် ကျေးလက်လမ်းတံတား အပြီးဆောင်ရွယ်မည်ဆိုသည့် စီမံချက်ကိုက်ညီဖို့အတွက် ဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်သင့်ပါကြောင်း ၎င်းကပြောသည်။ 
ကျေးလက်လမ်းဦးစီးဌာနက တည်ဆောက်သည့် အရှည် ၈၀ ပေ၊ အမြင့် ၁၆ အကျယ် ၁၄ ပေကို တံတားတစ်စင်းကို ငွေကျပ် ၁၄၈.၆၉၇ သန်း သုံးစွဲထားပြီး ကုန်သွယ်လုပ်ငန်းခွန်ဖြင့် ပြည်သူများဆောင်ရွက်သည့် အကျယ် ၆၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၈ ပေ တံတားတစ်စင်းမှာ ကျပ်သန်း ၂၀ သာ ကုန်ကျကြောင်း သိရသည်။ 

#AKonThi

0 comments:

Post a Comment