Monday, March 11, 2019

၂၁ ပင်လုံညီလာခံ မေလနောက်ပိုင်းတွင်သာ ပြုလုပ်နိုင်မည်ဟု အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စားလှယ်ပြောကြား

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးကျင်းပရေး ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများ ကို လာမည့်မေလ နောက်ပိုင်းမှ သာ ကျင်းပနိုင်မည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။ 
အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် အပစ်ရပ် ၁၀ ဖွဲ့တို့ထိုင်း နိုင်ငံချင်းမိုင်မြို့၌ မတ်လ ၉ ရက် က တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းက အထက်ပါအတိုင်းပြော ကြားသည်။ 

၂၁ ရာစုပင်လုံအစည်းအ ဝေးများပြန်စနိုင်ရေးတစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ 

လတ်တလောတွင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ ထိပ်သီး အစည်းအဝေးကို မေလလယ်၌ ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးပြီးမှသာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင် ရေးကိစ္စများ ဆွေးနွေးရန်ရှိ ကြောင်း ၎င်းကဆိုသည်။ 

‘‘အခုက PPST (NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီး ခေါင်းဆောင်များပါဝင်သည့်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့) စုဖွဲ့မှုက အဲဒီအစည်းအဝေး မှာ ပြန်လည်သုံးသပ်မယ်။ ဘယ် လိုစုဖွဲ့မှုမျိုးနဲ့ရှေ့ဆက်သွားမလဲ ပေါ့။ ဒီဘက်ကလည်း ခေါင်း ဆောင် အပြောင်းအလဲတွေရှိ တော့ ခေါင်းဆောင်အသစ်တွေ ပြန်ရွေးရမှာလားပေါ့။ အဲဒါ လည်းရှိတယ်။ နောက် ၁၀ ဖွဲ့က နေဘုံသဘောထားချမှတ်ထား တာရှိတယ်။ အဲဒီမှာအသေးစိတ် ပြန်ဆွေးနွေးမယ်။ ဖက်ဒရယ်လုပ် ငန်းစဉ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ် သက်တဲ့ရှေ့လုပ်ငန်းစဉ်တွေ အဲ ဒီမှာ ချမှတ်မှာဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးကြီး စိုင်းငင်းကပြော သည်။ 

NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီးအစည်းအဝေး မကျင်း ပမီကာလများအတွင်း အစိုးရ ကိုယ်စားလှယ်အဖွဲ့များဖြစ် သော အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား အလွတ်သဘောထပ်မံ တွေ့ဆုံရန်စီစဉ်ထားသည်ဟု ရှင်းပြသည်။ 

NCA အရဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ ပြဋ္ဌာန်းချက်များအရ ၂၁ ရာစုပင် လုံအစည်းအဝေးကို ခြောက်လ လျှင်တစ်ကြိမ်ကျင်းပရမည်ဖြစ် သော်လည်း ၂၀၁၈ ဇူလိုင်က ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပြီး နောက်ပိုင်း ခြောက်လကျော်ကြာ သည်အထိ မကျင်းပနိုင်ဘဲငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များရပ်တန့် နေသည်။ 

အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် မတ်လ ၈ ရက်တွင် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ မတ်လ ၉ ရက်တွင် KNU နှင့် RCSS အပါအ၀င် NCA လက် မှတ်ထိုး ၁၀ ဖွဲ့နှင့် အလွတ်သ ဘောဆွေးနွေးပြီး ရပ်တန့်နေ သည့် NCA လုပ်ငန်းစဉ်များ ပြန် စနိုင်ရေးကြိုးပမ်းခဲ့သည်။ ကော် မရှင်အနေဖြင့် မတ်လ ၁၀ ရက် တွင် NCA လက်မှတ်မထိုးရသေး သည့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) ကိုယ်စား လှယ်များနှင့် အလွတ်သဘော တွေ့ဆုံပြီး NCA လက်မှတ်ထိုး အဖွဲ့တိုးလာရေး ဆွေးနွေးခဲ့ သည်။ 

အလွတ်သဘော ဆွေးနွေးပွဲများ၏ သဘောသဘာဝအရ ဆုံးဖြတ်ချက်မရှိဘဲ ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး၊ နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုရှိလာရေး ဖြစ်ကြောင်း အစိုးရကိုယ်စား လှယ်အဖွဲ့၏ ချင်းမိုင်ခရီးစဉ် တွင် လိုက်ပါသွားသည့် ကော်မ ရှင်အကြံပေးဦးလှမောင်ရွှေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် မတ်လ ၁၀ ရက်ကရေး သားထားသည်။ 

‘‘ဒီတစ်ခေါက်ဆွေးနွေးမှု တွေကို အားရပါတယ်၊ တိုးတက် မှုတွေရှိပါတယ်။ ဒီလိုပြောလို့ ချက်ချင်းအားလုံးပြေလည်မယ် လို့မဆိုလိုပါ။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဆိုတာ ခရီးရှည်ကြီးပါ။ နိုင်ငံရေးတို့၊ ငြိမ်းချမ်းရေးတို့ဆို တာအတက်အကျ ရှိတတ်ပါ တယ်’’ ဟု ဦးလှမောင်ရွှေက ဆိုသည်။ 

NCA သတ်မှတ်ချက်အရ ၂၁ ရာစုပင်လုံအစည်းအဝေး မတိုင်မီပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကဲ့သို့အစိုးရ၊ တပ် မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီနှင့် အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ်များပါဝင်သည့် အစည်း အဝေးများသတ်မှတ်ကာလအ တိုင်းတရားဝင်ကျင်းပရမည်ဖြစ် သော်လည်း ၂၀၁၈ ဇူလိုင် နောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိဖြစ်နေသည်။

7Day

0 comments:

Post a Comment