Monday, March 11, 2019

သထုံတွင် ၁၀ တန်းဖြေမည့် ကျောင်းသူတစ်ဦး နှလုံးအမောဖောက်၍ ဆေးရုံတင်ထားရ



သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အထကကျိုက္ကကော်တွင် တက္ကသိုလ်ဝင် (၁ဝ တန်း) တန်းစာမေးပွဲ (အတွဲ ၇) ဖြေဆိုမည့် ကျောင်းသူ မအိဖြိုးဟန် အသက် ၁၆ နှစ်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် နှလုံအမောဖောက်လာသဖြင့် သထုံမြို့နယ် ရဲတပ်ဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 
“သူက နှလုံးအမောဖောက်ပြီး မူးလဲသွားတာ။ သူ့ကို သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ဒီက စခန်းမှူးနဲ့ ရဲမေတွေပေါင်းပြီး တင်ပေးလိုက်တယ်။ အဲဒီကနေ သထုံခရိုင်ပြည်သူ့ဆေးရုံကို လွှဲပေးလိုက်တာ။ ဖြစ်တာက စာမေးပွဲမဖြေခင် ဖြစ်တာပါ၊ စာမေးပွဲကို ဆေးရုံမှပဲ ဖြေလိုက်ရတယ်”ဟု မြို့နယ်မှူး ရဲမှူးစိုးအောင်က ပြောကြားသည်။ 

အဆိုပါကျောင်းသူကို သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ သထုံခရိုင်ပြည်သူဆေးရုံသို့ လွှဲပြောင်းခဲ့ရာ နံနက် ၉ နာရီ ၄၀ အချိန်တွင် သထုံဆေးရုံ၌ ဆေးကုသမှုခံယူပြီး သထုံခရိုင်ပြည်သူ့ဆေးရုံစာဖြေဌာနတွင် စာမေးပွဲဖြေဆိုခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ 



ဓာတ်ပုံ - ဗြတ်စ
The Voice 

0 comments:

Post a Comment