ထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နေရာမှာ တိုင်းလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူထားတယ်လို့  သိရပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မနေ့ညက ကော့သောင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝန်ကြီးချုပ်ကို ကော့သောင်းတရားရုံးမှာ ချုပ်ရမန်ယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
ထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးချုပ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကော့သောင်းကနေ ထားဝယ်ဘက် ပြန်လည်လွှဲပြောင်း ပေးမယ်လို့ သိရပါတယ်။ ဒေါ်လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ပြီး ဖမ်း ဆီးထိန်းသိမ်းလိုက်တာပါ။
အဂတိကော်မရှင်က ဒေါ်လဲ့လဲ့မော်နဲ့ ပတ်သက်တဲ့ တိုင်ကြားစားတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်ကနေ မတ် ၆ ရက်အထိ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
7Day







0 comments:
Post a Comment