ကိုယ်ပိုင်ကျောင်းအသစ်များနှင့် သက်တမ်းတိုးကျောင်းများအနေဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားဆဲကာလတွင်တည်ဆောက်ဖွင့်လှစ်သင်ကြားခြင်းမပြုရန် အခြေခံပညာဦးစီးဌာနမှ ညွန်ကြားလိုက်သည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားဆဲကာလတွင် ခွင့်ပြုချက်မရမီ အချို့သောကိုယ်ပိုင်ကျောင်းများနှင့် သက် တမ်းတိုးကျောင်းများသည် ခွင့်ပြုချက်မရမီသင်ကြားဖွင့်လှစ်သင်ကြားနေကြောင်းစိစစ်တွေ့ရှိရသဖြင့် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှ မတ်လတတိယပတ်အတွင်း ကြေငြာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ ကိုယ်ပိုင်ကျောင်းအသစ်များနဲ့ သက်တမ်းတိုးကျောင်းများကကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားဆဲကာလအတွင်းခွင့်ပြုချက်မရမီတည်ဆောက်ဖွင့်လှစ်သင်ကြားခြင်းမပြုစေရေးတိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများကစိစစ်ကြပ်မတ်ဆောင်ရွက်ကြရရန်” ဟုလည်း ကြေငြာချက်တွင်ပါရှိသည်။
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပုဒ်မ ၂၈ ၌ မည်သူမျှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိဘဲကိုယ်ပိုင် ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်းမပြုရဟုလည်းကောင်း၊ပုဒ်မ၃၃၌ မည်သူမဆိုပုဒ်မ ၂၀ ပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါကထိုသူကိုထောင်ဒဏ် ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ကျခံရမည့်အပြင် ကျပ်သုံးသိန်းထက်မပိုသောထောင်ဒဏ်လည်းချမှတ်ရမည်ဟုပါရှိသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၁၀၀ နီးပါးရှိကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
0 comments:
Post a Comment