Wednesday, March 27, 2019

ယာဉ်စီးခပိုမိုတောင်းခံသောယာဉ်လိုင်းများကို CICCသို့ တိုင်ကြားရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေသစ်အတိုင်း ဆောင်ရွက်သွားမည်


သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများအပါအဝင် ယာဉ်စီးခပိုမိုတောင်းခံသောယာဉ်လိုင်းများအား စားသုံးသူရေးရာဦးစီးဌာန(CICC)သို့ တိုင်ကြားနိုင်ပြီး မကြာခင်က ပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေ သစ်အတိုင်းအရေးယူဆောင်ရွက်သွားမည်ဟု စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။ 
"တိုင်ကြားလာရင် ဌာနက တန်းပြီးထောင်ချအရေးယူတာမျိုးတော့လုပ်လို့မရပါဘူး။ ဒါလေးနားလည်စေချင်တာ။ ဒါပေမယ့် ယာဉ်လိုင်းတွေက ပိုက်ဆံပိုတောင်းရင် ဒီပိုက်ဆံငွေကိုပြန်အမ်းခိုင်းတာမျိုး ချက်ချင်းလုပ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ဒီထက်ပိုပြီးကြီးလေးတယ်ဆိုရင် အငြင်းပွားမှုဖြေရှင်းရေးကော်မတီကို ထပ်ပြီးတိုင်ကြားတဲ့အခါ အဲဒီကော်မတီက ယာဉ်လိုင်းပိတ်တာမျိုးအထိအရေးယူတာတွေလုပ်ပိုင်ခွင့်ရှိပါတယ်။ နောက်ဆုံး အခြေအနေ ကျမှတရားစွဲဆိုပြီး ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်ပါတယ်။ သူ့အဆင့်အလိုက်ဆောင်ရွက်မှာဖြစ်ပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဆိုသည်။ 
လက်ရှိတွင်လည်း ဌာနအနေဖြင့် ယာဉ်စီးခပိုမိုတောင်းခံခြင်းမျိုးမရှိစေရန် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များရှိအဝေးပြေးယာဉ်လိုင်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီများ YRTAကဲ့သို့သော ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့များနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများဆောင်ရွက်နေသည်ဟုသိရသည်။ 
နှစ်စဉ်သင်္ကြန်ကာလ ရက်ရှည်ပိတ်ရက်များတွင်အနယ်နယ်အရပ်ရပ်သို့သွားရောက်ကြသူများ များပြားလွန်းသည့်အတွက်ကားလက်မှတ်အခက်အခဲဖြစ်ပေါ်လေ့ရှိပြီး လက်မှတ်ခဈေးနှုန်းများပြောင်းလဲလေ့ရှိသဖြင့်ယခုလိုကြိုတင်ဆောင်ရွက်ထားခြင်းလည်းဖြစ်သည်။

Popular News Journal 

0 comments:

Post a Comment