၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ (၇)ကြိမ်မြောက် အစည်းအဝေးမှာ အခြေခံ ဥပဒေ အခန်း(၄)ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
အစည်းအဝေးကို မတ်လ (၁၈) ရက် မနက် (၁၀)နာရီက ပြည်ထောင်စုလွှတ်တော် ဒုတိယထပ်အစည်းခန်းမမှာ ကျင်းပခဲ့တာပါ။ ပြီးခဲ့တဲ့ အစည်းဝေးတွေမှာတော့ အခြေခံဥပဒေရဲ့ ရှေ့ပိုင်းအခန်းတွေ ပြင်ဆင်နိုင်ဖို့ ဆွေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာပြင်ဆင်နိုင်ဖို့ ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရေးအဆိုကို ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်က တင်သွင်းခဲ့တာပါ။
အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံမှုနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် (၄၅)ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပူးပေါင်းကော်မတီက ရရှိတဲ့ ဆွေးနွေးချက်တွေကို ပြည်ထောင်စု လွှတ်တော်မှာ တင်ပြပြီး ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
One News Myanmar













0 comments:
Post a Comment