၂၀၁၉ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူပွဲနဲ့ နေ့ဆွမ်းဆက်ကပ်ပွဲ အခမ်းအနားကို ဒီကနေ့ မတ်(၁၈)ရက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရဝဏ်အတွင်း ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အပါအဝင် သံဃာတော်အရှင်သူမြတ် (၂၉၇)ပါး တက်ရောက် အပူဇော်ခံခဲ့ပါတယ်။
အခုအခမ်းအနားမှာ သာသနာ့အာဇာနည် သံဃာတော်အရှင်သူမြတ်တွေ၊ သီလရှင် ဆရာကြီး ဆရာလေးတွေကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေ ဆက်ကပ်လှူဒါန်းမှာ ဖြစ်သလို မတ်(၁၉) ရက်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
သတင်း - သိန်းကိုလွင်
One News Myanmar











0 comments:
Post a Comment