တရားဝင်ကုန်သွယ်ရေး ကို တွန်းအားပေးလာသော တရုတ်အစိုးရက ၂၀၁၉ တွင် မြန်မာအပါအ၀င် နိုင်ငံတကာမှ ဆန်၊ ပြောင်းနှင့် ဂျုံတင်သွင်းလို သည့် ခွဲတမ်းပမာဏကို နန့်နင်း မြို့ရှိ မြန်မာကုန်သွယ်ရေး ကိုယ်စားလှယ်ထံ စာပေးပို့ခဲ့သည်။
နိုင်ငံတကာမှ ဆန်တန်ချိန် ၅ ဒသမ ၃ သန်းကျော်၊ ပြောင်း တန်ချိန် ၇ ဒသမ ၂ သန်းနှင့် ဂျုံ တန်ချိန် ၉ ဒသမ ၆ သန်းကျော် တင်သွင်းရန် တရုတ်နိုင်ငံ၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မတီမှ တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်ကို လေ့လာသိရှိ နိုင်ရန် မြန်မာကုန်သွယ်မှု မြှင့် တင်ရေးအဖွဲ့က မတ်လ ၈ ရက်စွဲဖြင့် ဌာနနှင့်အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များထံဖြန့်ဝေထားသည်။
တရုတ်သည် နိုင်ငံတကာမှ ဆန်တင်သွင်းရာတွင် ယခင်နှစ် များက တစ်နှစ်တန်ချိန် သုံးသန်း ကျော်သာ ၀ယ်ယူရန် ခွဲတမ်းသတ်မှတ်လေ့ရှိသည်။ သို့သော် ၂၀၁၉ တွင် တန်ချိန် ငါးသန်းကျော်ခွဲ တမ်းသတ်မှတ်ခြင်းက မြန်မာ၊ ဗီ ယက်နမ် နယ်စပ်များမှ တရားမ၀င်ဆန်တင်သွင်းမှုကို ယခင်ထက်ပိုမိုထိန်းချုပ်လာနိုင်ကြောင်း ပြည်ပ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် အချို့က ခန့်မှန်းသည်။
‘‘တရုတ်အစိုးရ မူဝါဒက တရားဝင်ကုန်သွယ်ရေးကိုပိုပြီးအကောင်အထည်ဖော်မယ့် သဘောဖြစ်မယ်ထင်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။
အစိုးရချင်း သဘောတူညီမှု ဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် လေးသိန်းဝယ်ယူရန် တရုတ်နိုင်ငံ မှ စာချုပ်မူကြမ်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ပေးပို့ ထားသည်။
‘‘ဒါက ပထမအဆင့်ပဲရှိ သေးတယ်’’ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် အထွေထွေအ တွင်းရေးမှူး ဦးလူမော်မြင့်မောင် က ပြောသည်။
တရုတ်နိုင်ငံသို့ တရားဝင် ဆန်ရောင်းချရန် ယခုပေးပို့သည့် စာချုပ်မူကြမ်းကို နှစ်ဖက်ညှိနှိုင်း ပြီး ပြည်ထောင်စုဝန်ကြီးအဆင့် က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့် နေရာကိုလည်း ညှိနှိုင်းရ မည် ဖြစ်သည်။
ဧပြီတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၏ တရုတ်နိုင်ငံခရီးစဉ်၌ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်မည်ဟု ဆန်ကုန်သည် အချို့က မျှော်လင့်နေသည်။
မြန်မာ၊ တရုတ်နယ်စပ်ကုန် သွယ်ရေးသည် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ အပါအ ၀င် ပို့ကုန်များကို တရားဝင်တင်ပို့ သော်လည်း တရုတ်ကုန်သည်များ က တရားမ၀င် ၀ယ်ယူသည်။ အ ခွန်နှုန်းထား သတ်မှတ်ချက်များ ခြင်း၊ လယ်ယာသီးနှံများအပါအ ၀င် ပို့ကုန်များတွင် ရောဂါပိုးမွှား အာမခံချက်၊ ဓာတုဓာတ်ကြွင်း အာမခံချက် စသည်တို့အပြင် တရားဝင်ခွဲတမ်းလည်း လိုအပ် သဖြင့် နယ်စပ်မှ တရုတ်ကုန်သည် များက တရားမ၀င်ဝယ်ယူခြင်း ဖြစ်ကြောင်း မူဆယ်မြို့ရှိ ပို့ကုန် လုပ်ငန်းရှင်အချို့ကပြောသည်။
ယင်းအခြေအနေတွင်ယူနန် အစိုးရက တရားမ၀င် ကုန်သွယ်မှု တိုက်ဖျက်သည့် စစ်ဆင်ရေးများ ကို ဖော်ဆောင်ပြီး မြန်မာနိုင်ငံမှ ၀ယ်ယူလာသည့် ဆန်၊ပြောင်းဖူးစေ့၊သကြားစသောကုန်ပစ္စည်းများ ကို ဖမ်းဆီးခြင်း၊ ကုန်တင်ယာဉ် များ သိမ်းဆည်းခြင်းနှင့် တရုတ် ကုန်သည်များကို ဖမ်းဆီးခြင်းတို့ ကို ပိုမိုဆောင်ရွက်လာသည်။
ထို့ကြောင့် ၂၀၁၈ အောက် တိုဘာ ၁ ရက်မှ ၂၀၁၉ မတ်လ ၁ရက်အထိ ငါးလအတွင်း မူဆယ် နယ်စပ်မှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၄ဘီလီယံကျော် တင်ပို့နိုင်ခဲ့သည်။ အဆိုပါ ပို့ကုန်ပမာဏက ပြီးခဲ့ သည့်နှစ် ကာလတူထက် ဒေါ်လာသန်း ၆၁၀ ကျော်လျော့နည်းခဲ့ သည်။
မြန်မာနိုင်ငံ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်သစ် ပို့ကုန်ပမာဏ ဒေါ်လာ ၁၅ ဘီလီယံ ရရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနက ကြိုတင် ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားပို့ကုန်ကဏ္ဍတွင် မူဆယ် မှ တရုတ်နိုင်ငံသို့ ပို့ကုန်ပမာဏ ကလည်း အရေးပါနေသည်။
ယခင် ဘဏ္ဍာနှစ် ၂၀၁၇-၁၈စာရင်းများအရ မြန်မာနိုင်ငံ၏ နိုင်ငံခြားပို့ကုန်ပမာဏ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံခန့်တွင် မူဆယ်မှဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် တင်ပို့ထားသည်။ မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုတွင် နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့ ခြင်းက ၅၀ ရာခိုင်နှုန်းကျော်ရှိနေ ပြီး ပြောင်းတင်ပို့မှုကလည်း အဓိ ကဈေးကွက်တစ်ခု ဖြစ်နေသည်။
လက်ရှိတွင် ရှမ်းပြည်နယ်၌ ပြောင်းစိုက်ပျိုးမှု တိုးတက်နေပြီး တရုတ်နိုင်ငံသို့ ပမာဏများစွာ ရောင်းချနိုင်ခြင်း မရှိသောကြောင့် ပြည်တွင်း ပြောင်းဖူးစေ့ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းနေ ကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ အသင်းဝင်တစ်ဦး က ပြောသည်။
ရှမ်းပြည်နယ်တွင် ပြောင်း နှစ်စဉ်စိုက်ပျိုးထုတ်လုပ်မှုက တန်ချိန် ရှစ်သိန်းမှ ၁၀ သိန်းအကြား ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေသည်။
7Day







0 comments:
Post a Comment