Monday, March 11, 2019

တိုက်ပွဲဖြစ်ပွားရာ ရခိုင်ပြည်နယ် မြို့နယ်ခုနစ်ခုရှိ ရဲကင်းစခန်းများ ရုပ်သိမ်းခြင်း၊ ပေါင်းစည်းခြင်းပြုလုပ်

ပုဏ္ဏားကျွန်းမြိ့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့(AA)က အင် အားအလုံးအရင်းဖြင့် ဝင်တိုက် ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့ စစ်ရေးပဋိက္ခဖြစ်ပွားရာ ရခိုင် ပြည်နယ်မှ လမ်းပန်းဆက်သွယ် ရေးခက်ခဲသော နေရာများရှိ ရဲ ကင်းစခန်းများကို ရုပ်သိမ်းပြီး လုံ ခြုံရေးစိတ်ချရသော နေရာများ တွင် ပူးပေါင်းခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောသည်။ 
မတ်လ ၉ ရက်ညက ယိုးတရုတ်ရဲကင်းစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့သည်။ ထို့နောက် မတ်လ ၁၀ ရက်က စတင်ကာ လုံခြုံရေးအာမခံချက်မရှိသော ရဲကင်းစခန်းများကို ရုပ်သိမ်းပြီး အခြားရဲစခန်းများနှင့် ပူးပေါင်း ခြင်းဖြစ်ရာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မြောက်ဦးနှင့် မင်းပြားနှင့် ဘူးသီးတောင် မြို့နယ်တို့မှ ရဲကင်းစခန်းများ ပါဝင်သည်။ 

‘‘အတွင်းထဲမှာ လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး လုံခြုံ ရေးအန္တရာယ်ရှိတဲ့ စခန်းတွေကို ဆက်သွယ်မှု လွယ်ကူတဲ့နေရာ တွေကို ဆွဲတင်တာ။ စိတ်ချရတဲ့ လမ်းကြောင်းတွေပေါ်မှာ စုစည်း ထားတာပါ’’ဟု ရဲမှူးကြီးကြည် လင်းက ပြောသည်။ 

ရုပ်သိမ်းသည့် ရဲကင်းစခန်း အရေအတွက်ကို လုံခြုံရေးအခြေ အနေကြောင့်ဟုဆိုကာ ရဲတပ်ဖွဲ့ က အသိမပေးပေ။ 

‘‘အခုလို တခြားစခန်းတွေနဲ့ ပေါင်းတာ ကောင်းတယ်။ အခြေ အနေအရ အဲဒီလို လုပ်ပေးတာ ကျေးဇူးတင်ပါတယ်’’ဟု ပုဏ္ဏား ကျွန်းမြိ့နယ်တွင် တာဝန်ကျနေ သော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ 

ရုပ်သိမ်းသည့် ရဲကင်းစခန်း များထဲတွင် ရသေ့တောင်မြို့နယ် မှ အိုးဖောက် နယ်ခြားစောင့်ရဲစ ခန်း၊ ချွတ်ပြင်ရဲစခန်း၊ ဘူးသီးတောင်မြို့နယ်မှ စေတီတောင်ရဲစခန်းနှင့် မင်းပြားမြို့နယ်မှ ပန်းမြောင်းရဲစခန်းတို့ ပါဝင်သည်။ 

အိုးဖောက်ရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့ နယ် ညောင်ချောင်းရဲစခန်းသို့ လည်းကောင်း၊ ချွတ်ပြင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သဇင်မြိုင် စခန်းသို့လည်းကောင်း၊ ပန်း မြောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် မင်းပြားမြို့မရဲစခန်းသို့ ပူး ပေါင်းထားသည်။ 

‘‘အင်အားတွေ ဖြည့်တင်းပြီး ယာယီရုပ်သိမ်းထားတဲ့ သဘော ပါ။ ရုပ်သိမ်းထားတဲ့ ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို နီးစပ်ရာ ရဲစ ခန်းတွေမှာ အင်အားပူးပေါင်း ထားပါတယ်’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

အိုးဖောက်ရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် မတ်လ ၁၀ ရက်တွင်ညောင်ချောင်းရဲစခန်းသို့ ရေ ကြောင်းအတိုင်း စက်လှေဖြင့် သွားရောက်ရာ AA က လက်နက် များဖြင့် ပစ်ခတ်၍ စက်လှေအ ကြီးဖြင့် ဝင်တိုက်သဖြင့် တပ်ဖွဲ့ဝင် တစ်ဦးသေနတ်ဒဏ်ရာရပြီး ရေ ထဲမျောပါသွားကြောင်း၊ လှေနှင့် အတူ လက်နက်ငယ်သုံးလက်နစ် မြုပ်သွားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်သည် အုတ်ဖိုရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးသည် ညောင်ချောင်းနယ်မြေရုံးသို့ စက် လှေဖြင့် လှုပ်ရှားသွားလာစဉ် ညနေ ၆ နာရီခွဲခန့်တွင် မေယုမြစ် နှင့် ကာဒီချောင်းဆုံရာ အနီးအ ရောက် မျက်နှာချင်းဆိုင်ဘက်က စက်လှေအကြီးတစ်စီးဖြင့် ရောက်ရှိလာသည့် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒဏ်ရာရပြီး ရေထဲမျောသွားသည့် တပ်ဖွဲ့ဝင်တစ်ဦးမှ လွဲ၍ ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာမရရှိကြောင်း ဖော်ပြထား သည်။ ရဲကင်းစခန်းများ ရုပ်သိမ်း ခြင်းသည် ယာယီမဟုတ်ဘဲ အမြဲ တမ်း ရုပ်သိမ်းသည်ဆိုပါက ဒေသခံများ အခက်အခဲကြုံနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။ 

‘‘လုံခြုံရေးအတွက် ဥပဒေ မစိုးမိုးမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးအရ မသမာတဲ့ လူတွေကလည်း အခွင့်အရေးယူလာနိုင်တယ်။ အဲဒီနေရာတွေမှာ စစ်ဆင်ရေးတွေ များ လာမလား ပြည်သူတွေက စိုးရိမ် နေ ကြတယ်’’ဟု ၎င်းက ဆိုသည်။ 

AA အနေဖြင့် တပ်မတော် က ၎င်းတို့ကို ထိုးစစ်ဆင်ခြင်း ကြောင့်ဟုဆိုကာ ဇန်နဝါရီ ၄ ရက်က စတင်၍ ဘူးသီးတောင်မြို့နယ် ရှိ ရဲကင်းစခန်းလေးခုကို တိုက် ခိုက်ခဲ့ရာ ထိုစဉ်က ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။ ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးသည့် ယိုးတရုတ်ရဲကင်းစခန်း တိုက်ခိုက်မှုကိုမူ အထက်က ညွှန်ကြားခြင်း မဟုတ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားပြီး ယင်းဖြစ်စဉ်ကြောင့် အောက်ခြေတပ်များကို စုံစမ်း စစ်ဆေးနေသည်ဟု ဆိုသည်။

7Day

0 comments:

Post a Comment