ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖြစ်ခန့်အပ်ခံထားရသူ ၈ ဦးမှ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။
ယင်း ၈ ဦးကို နိုင်ငံတော်သမ္မတမှ မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့အမည်စာရင်းပေးပို့ခဲ့ရာမတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်မှအတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင် တို့ဖြစ်သည်။
ယဉ်ကေနွယ်
The Fifth Wave News







0 comments:
Post a Comment