မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ တွင်ကျောက်စိမ်းအတွဲ ၇၈၃ တွဲကို ယူရိုငွေ ၁၀၁ ဒသမ ၄၇၂ သန်းဖြင့်ရောင်းချနိုင် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် ၂၄၀၁ မှ ၃၆၀၀အထိ တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၇၈၃ တွဲကို ယူရိုငွေ ၁၀၁ ဒသမ ၄၇၂ သန်းဖြင့်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အတကျောက်စိမ်းအတွဲ အမှတ် ၁၂၀၁ မှ ၂၄၀၀ အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၈၅၈ တွဲကို ယူရိုငွေ ၇၈ ဒသမ ၈၂၅သန်းဖြင့် ရောင်းချနိုင်ခဲ့သဖြင့် သတ္တမနေ့အထိ ကျောက်စိမ်းအတွဲစုစုပေါင်း ၂၆၉၁ တွဲကို ရောင်းချရမှုမှ ယူရိုငွေ ၂၂၆ ဒသမ ၈၀၂ သန်း ရရှိကြောင်းသိရသည်။
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်း ခန်းမ၌ မတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး မတ် ၁၈ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၃၆၀၁ မှ ၄၈၀၀ အထိ လည်းကောင်း၊ မတ် ၁၉ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် ၄၈၀၁ မှ ၆၀၀၀ အထိလည်းကောင်း၊ မတ် ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀၀၁ မှ ၆၉၇၃ အထိ လည်းကောင်း ခင်းကျင်းပြသ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပရတနာကုန်သည် စုစုပေါင်း ၂၉၁၂ ဦးနှင့် ပြည်တွင်း ရတနာ ကုန်သည် ၁၆၄၉ ဦး စုစုပေါင်း ရတနာကုန်သည် ၄၅၆၁ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားပြီး ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် အများအပြား တက်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
The Ladies News







0 comments:
Post a Comment