တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ တမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေးရွာမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက မြေယာကိစ္စ အငြိုးထားပြီး သားဖြစ်သူက မိထွေးအား ဓားနဲ့ခုတ်သတ်ခဲ့တယ်လို့ သိပါတယ်။
ရေဖြူကျေးရွာရဲ့ နောက်မြောက်ဘက် ကွမ်းသီးပျိုးခင်းအတွင်းမှာ ဒေါ်ရီရီချို (ခ) မှုံရွှေရည်မှာ နေအိမ်အနီး ချောင်းနံဘေးရှိ ကွမ်းသီးပျိုးတဲမှာ ပျိုးပင်ထုပ်ပိုးနေစဉ် တူးမီးသေနတ်နဲ့ တောခုတ်ထားကိုင်ထားတဲ့ ထွန်းမင်းနိုင် (ခ) အကြီးကောင် ရောက်လာပြီး ဓားနဲ့ ခုတ်ခဲ့တာကြောင့် အခင်းဖြစ်ပွားနေရာမှာ သေဆုံးသွားတယ်လို့ တနင်္သာရီမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြေကိစ္စနဲ့အငြိုးထားပြီး သတ်တာပါ။ အဖေက အထက်သား၊ ရေဖြူကျေးရွာနားမှာ ဥယျာဉ်ခြံစိုက်စားနေတယ်။ သားဖြစ်သူက အဖေ့ဆီလိုက်လာပြီး ဥယျာဉ်ခြံကူလုပ်ရင်း သူ့အဖေဆီမှာ လုပ်ကွက်တောင်းတော့ မိထွေးက ခွဲမပေးချင်လို့ ကန့်ကွက်တာကို အငြိုးထားတယ်။ ဒီနေ့မနက်ပိုင်း သူ့အဖေ အိမ်မှာမရှိတဲ့အချိန် သူ့မိထွေးက ကွမ်းပင်ပျိုးထုပ်တွေ ထုပ်နေတဲ့အချိန် ထွန်းမင်းနိုင်က ဓားနဲ့ ၃ ချက်ခုတ်လိုက်တယ်။”
ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသတ်မှုကျူးလွန်သူ ထွန်းမင်းနိုင်(ခ)အကြီးကောင်ကို တနင်္သာရီမြို့မရဲစခန်းက လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ အရေးယူထားကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)
DVB







0 comments:
Post a Comment