Monday, March 11, 2019

ထီလုပ်ငန်းရှင်များ ကျပ် ၅၀၀ တန်ထီ ဝယ်ယူနိုင်တော့မည်မဟုတ်ကြောင်း စီမံဘဏ္ဍာဝန်ကြီးထံ တင်ပြ ထီလက်မှတ်နှစ်မျိုးစလုံးကို မဖြစ်မနေ ဝယ်ယူရမည်ဆိုပါက ဧပြီတွင် ထီစာအုပ်များထုတ်ယူတော့မည်မဟုတ်ဟုဆို


ငွေကြေးဆုံးရှုံးနစ်နာမှု များရှိနေခြင်းကြောင့် ဧပြီတွင် ကျပ် ၅၀၀ တန်ထီကို ဆက်လက်ဝယ်ယူနိုင်တော့မည် မဟုတ် ကြောင်း ထီလုပ်ငန်းရှင်အချို့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးထံ မတ်လ ၁၁ ရက်တွင် စုပေါင်းလက် မှတ်ထိုး၍ တင်ပြရန်ရှိကြောင်း ၎င်းတို့က ပြောသည်။ 
ဖေဖော်ဝါရီက ကျပ် ၁,၀၀၀ တန်ထီနှင့် ကျပ် ၅၀၀ တန် ထီများကို ဈေးနှုန်းလျှော့ချ ရောင်းချခဲ့ရသဖြင့် စံချိန်တင်ငွေကြေးဆုံးရှုံး မှုများ ကြုံတွေ့ခဲ့ရသည်ဟု ၎င်း တို့က ပြောသည်။ 

ထီလက်မှတ်နှစ်မျိုး အပြိုင် ရောင်းချဖွင့်လှစ်မှုကြောင့် မတ် လတွင်လည်း ငွေကြေးဆုံးရှုံးမှု ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဧပြီအတွက် ရောင်းချမည့် ထီနှစ်မျိုးအနက် ကျပ် ၅၀၀ တန်ထီကို ထုတ်ယူနိုင်တော့မည်မဟုတ်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံ ၎င်းတို့က တင်ပြရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

ထိုသို့ တင်ပြရာတွင် ရန်ကုန် မြို့ရှိ ထီလုပ်ငန်းရှင်များအပါအဝင် ထီလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူ ၁၀၀ ခန့်က စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြောင်း ထီ လုပ်ငန်းရှင်အချို့က ပြောသည်။ 

၎င်းတို့၏ တင်ပြချက်ကို လက်ခံခြင်းမရှိဘဲ ထီလက်မှတ် နှစ်မျိုးစလုံးကို မဖြစ်မနေတွဲ၍ ဝယ်ယူရမည်ဆိုပါက ထီလုပ်ငန်း နှင့် အသက်မွေးသူများအနေဖြင့် ထီစာအုပ်ထုတ်ယူနိုင်တော့မည်မ ဟုတ်ဟု တင်ပြမည့် စာတွင် ထည့်သွင်းဖော်ပြထားသည်။ 

‘‘ဧပြီအတွက် ထီလက်မှတ်ကို ဒီလ (မတ်လ)နောက်ဆုံးအပတ်လောက်ဆို ဝယ်ကြရတော့ မှာ။ ဒါကြောင့် ဝယ်ယူရမယ့်အ ချိန်မတိုင်ခင် ကြိုပြီး တင်ပြတဲ့ သဘောပါ။ ထီလုပ်ငန်းရှင်တွေ သဘောတူညီဆုံးဖြတ်ချက်နဲ့ လက်မှတ်ထိုးပြီး တင်သွားမှာ’’ဟု ထီလုပ်ငန်းရှင်တစ်ဦးက ပြော သည်။ 

ဖေဖော်ဝါရီက ထီနှစ်မျိုးကို အပြိုင်ထုတ်ခဲ့ပြီး ထီလက်မှတ် စောင်ရေများပြားသဖြင့် ထီအရောင်းဆိုင်ကြီးများအနေဖြင့် အရှုံးခံကာ တရားဝင်ဈေး၏ ထက် ဝက်အောက်အထိ လျှော့ချဖြန့်ဝေခဲ့သည်။ 

ထိုသို့ ထီလက်မှတ်တစ်မျိုးတည်းသာ ထုတ်ယူလိုသည့် ထီလုပ်ငန်းရှင်များ၏ တောင်းဆို ချက်နှင့်ပတ်သက်၍ အောင်ဘာ လေသိန်းဆုဌာနသို့ မတ်လ ၁၀ ရက်က ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်၍ ရုံးဖွင့်မှသာ မေး မြန်းရန် တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day

0 comments:

Post a Comment