၂၀၁၇ ခုနှစ် မောင်တောအကြမ်းဖက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့ရသူတို့၏ သား၊ သမီးများနှင့် ၎င်းဒေသမှ ဆင်းရဲ နွမ်းပါးကြသည့် မိသားစုဝင်များပါဝင်ပြီး ရှင် ၁၀၉ ပါးကို မတ်လ ၁၆ ရက်နေ့က ကိုင်းကြီးမြိုကျေးရွာတွင် စုပေါင်းရှင်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သာသနာ့ဘောင်ဝင်ခဲ့သည့် ရှင် ၁၀၉ ပါးတွင် မောင်တောမြို့နယ် ကိုင်းကြီးမြိုကျေးရွာမှ ရှင်သာမဏေ ၅၀ ပါး၊ မယ်သီလရှင် ၁ ပါးနှင့် ၃ မိုင် သီဟိုအေးကျေးရွာမှ ရှင်သာမဏေ ၄၁ ပါး၊ မယ်သီလရှင် ၁၇ ပါးတို့ ပါဝင်ကြောင်း သိရသည်။
“အကြမ်းဖက်သမားတွေထံ အသတ်ခံရပြီး ကျန်နေခဲ့တဲ့ မိသားစုဝင်တွေရဲ့သားသမီးတွေနဲ့ ဆင်းရဲလို့ ရှင်မပြု နိုင်တဲ့မိသားစုတွေပါ အတူတကွရှင်ပြုနိုင်အောင် ဒီလိုစုပေါင်းရှင်ပြုပွဲကြီးကို ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ကိုင်းကြီးမြိုကျေးရွာမှ မြိုလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးစံထွန်းက ပြောသည်။
ယခုကဲ့သို့ ရှင်ပြုရခြင်းမှာ မြိုလူမျိုးများသည် ဘိုးစဉ်ဘောင်ဆက် ဗုဒ္ဓဘာသာကိုးကွယ် ဆည်းကပ်လာကြ သူများဖြစ်သည်ကို သက်သေပြခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ချလူးအောင် / DMG
Development Media Group









0 comments:
Post a Comment