Thursday, March 14, 2019

ဒီမိုကရေစီအတွက် စတေးရသူများ ထပ်မရှိစေရေး ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း ခြေဥဖြင့် အခွင့်ထူးခံထားသည်များကို ပြင်ဆင်လိုကြောင်း ဦးမင်းကိုနိုင်ပြော


ရန်ကုန်နည်းပညာတက္ကသိုလ်၌ မတ်လ ၁၃ ရက်က ကျင်းပသည့် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သဝဏ်လွှာပေးပို့ သည်။ 
ဒီမိုကရေစီခရီးကြမ်းတစ် လျှောက် ပေးဆပ်သူများ၏ စွန့် လွှတ်မှုများကို လေးစားတန်ဖိုးထား သင်ခန်းစာရယူ၍ နောက်ထပ် စတေးရသူများ မရှိနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိ စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြသည်။ 

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ခြင်းသည် တစ်ပါတီအာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ပြီး လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီခရီးလမ်းကို စတင် လျှောက်လှမ်းရန် ပြည်သူတစ်ရပ်လုံးကို တပ်လှန့်နှိုးဆော်သည့် သမိုင်းစာမျက်နှာတစ်ကွက်ဖြစ် သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြပါရှိသည်။ 

‘ယနေ့အချိန်အထိ ဒီမိုက ရေစီသို့ချီရာ ခရီးကြမ်းတစ် လျှောက်တွင် လူသိထင်ရှားဖြစ် စေ၊ လူမသိသူမသိဖြစ်စေ စတေး ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေ ဆဲဖြစ်သောသူ အများအပြားတို့ ၏ ကြီးမြတ်သော တန်ဖိုးတို့ကို လည်း အမှတ်တရဖြစ်စေပါသည်’ ဟု သဝဏ်လွှာ၌ ဆက်လက်ဖော် ပြသည်။ 

ယနေ့အချိန်တွင် ခိုင်မာသောဒီမိုကရေစီကို မတည်ဆောက်နိုင် သေးသော်လည်း ယင်းသို့ ပေး ဆပ်သူများ၏ စွန့်လွှတ်မှုများဖြင့် ရုန်းကန်လှုပ်ရှားကြိုးစားခြင်းများ ကြောင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဟု ဒေါ်အောင်ဆန်း စုကြည်က သဝဏ်လွှာမှတစ်ဆင့် သတင်းစကားပါးသည်။ 

ပြည်သူပြည်သားများ၏ အိပ်မက်ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်ရေး ဖြစ်မြောက်စေရန် ပြည်သူနှင့်အတူ စုပေါင်းအင်အား ဖြင့် စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီးပေါင်းများစွာကို ကျော် လွှားဖြတ်သန်းရဦးမည်ဟုလည်း ဖော်ပြပါရှိသည်။ 

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ယနေ့ခေတ်တွင် အခြေခံ ဥပဒေပြင်ဆင်ရာ၌ အခွင့်ထူးခံထားသည်များကို ပြင်ဆင်လို ကြောင်း ပြောသည်။ 

‘‘ကိုယ်မဟုတ်တာလုပ်ထား ရင် အဲဒီဟာကို အကာအကွယ် ယူထားတာကို လက်မခံဘူး။ ဘယ်သူမဆို အခွင့်ထူးမခံနဲ့။ အဲဒါမျိုးကိုတော့ ပြင်ချင်တယ်’’ ဟု အခမ်းအနားအတွင်း သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ၎င်း က ဆိုသည်။ 

အခွင့်ထူးခံထားသည့်ပုဒ်မ များကို ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း အခွင့်ထူးခံနေ သည့် အင်စတီကျူးရှင်းသည် တစ်ခုသာရှိကြောင်း ဦးမင်းကိုနိုင်က ပြောသည်။ 

‘‘အဲဒီလူတွေက ဘယ်သူလဲ ဆိုတာ ခင်ဗျားလည်း သိတယ်၊ ကျွန်တော်လည်း သိတယ်’’ဟု ၎င်းက ဆိုသည်။ 

ထို့အပြင် ယခင်က အခြေခံ ဥပဒေပြင်ဆင်ရေး ဒီမိုကရေစီ လိုလားသူများက ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ရကြောင်းနှင့် လက်ရှိတွင် အားလုံးက ပြင်မည်ဆို သော်လည်း သင့်တော်သည့်အ ချိန်၊ သင့်တော်သည့်ပုဒ်မ စသဖြင့်သာ ပြောဆိုနေကြောင်း ဦးမင်းကို နိုင်က ပြောသည်။ 

‘‘သင့်တော်တဲ့အချိန် ဘယ် အချိန်လဲဆိုတာလည်း တိကျတဲ့ အကြောင်းအရာမဟုတ်ဘူး။ သူ ပြင်ချင်တယ်ဆိုတာလည်း သူ့အ တွက် အကျိုးမယုတ်ဘူးထင်ရင် သူပြင်မှာပေါ့’’ဟု ၎င်းက ဆက် လက်ပြောသည်။ 

အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း ပန်းခြင်းပေးပို့ပြီး ၈၈ မျိုးဆက်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအချို့ တက်ရောက်သည်။

7Day

0 comments:

Post a Comment