အုပ်ချုပ်ရေးမြို့ တော် နေပြည်တော်တွင် ပြုလုပ် ရန် ပြင်ဆင်နေသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို မူလစီစဉ် ထားသည့်နေရာမှ ပြောင်းလဲ ကျင်းပရန်ရှိသည်။
ယခင်ကျင်းပရန် လျာထား သော ဥပါတသန္တိစေတီတော် ပွဲ တော်ကွင်းနေရာသည် ဘာသာ ရေးနေရာဖြစ်သည်ဆိုကာ အာ ဏာပိုင်များက ညှိနှိုင်းလာသဖြင့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ကွင်း (နန်းဦးကျောင်းရှေ့)သို့ ပြောင်း လဲကျင်းပခြင်းဖြစ်ကြောင်း လူထု ထောက်ခံပွဲ သတင်းနှင့်ပြန်ကြား ရေးကော်မတီတာဝန်ခံ ကိုသိန်း သန်းဦးက ပြောသည်။
‘‘ဥပါတသန္တိကွင်းက ဘာ သာရေးအခမ်းအနားတွေ သီးခြား လုပ်တာများနေတော့၊ ဒီဟာက လည်း နိုင်ငံရေးအခမ်းအနားဖြစ် နေတော့ ခေါင်းစဉ်ဝိရောဓိလေး ဖြစ်သွားမှာစိုးလို့ပါတဲ့ဆိုတဲ့ ပုံစံ မျိုးလေးမေတ္တာရပ်ခံတဲ့သဘောနဲ့ ပြောတာပါ။ ပြောတော့ အိုကေ ပေါ့ဆိုပြီးရွှေ့လိုက်တာဗျ’’ဟု ၎င်းကဆိုသည်။
ယခင်လျာထားသည့် နေရာ သည် သာသနာ့မြေ (ဘာသာရေး ကွင်း) ဖြစ်သဖြင့် နေရာပြောင်း ကျင်းပရန် နေပြည်တော်ကောင် စီက အကြောင်းကြားခြင်းဖြစ် ကြောင်း ယင်းကော်မတီတွင် ပါ ၀င်သည့် ကိုထွန်းဝင်းက ပြော သည်။
အဆိုပါထောက်ခံပွဲကို မတ် လ ၃၁ ရက် နေ့လယ် ၂ နာရီမှ ည ၇ နာရီအထိ ကျင်းပမည်ဖြစ်ပြီး စာရေးဆရာထင်လင်းဦး၊ မာန် (တောင်းလုံးပြန်)တို့က ဟောပြော၍ ပန်းရဲ့လမ်းတေးဂီတအဖွဲ့နှင့် ပန်းသီးဦးဆောင်သော (ဇွဲ) အငြိမ့်အဖွဲ့တို့က ဖျော်ဖြေမည်ဖြစ် သည်။
လက်ရှိတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ကြီးစိုး သော ပြည်ထောင်စုလွှတ်တော် ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကြိုးပမ်းရန် ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင် ရွက်နေပြီး ယင်းသို့လုပ်ဆောင်မှု များအပေါ် ထောက်ခံသည့် လူထုလှုပ်ရှားမှုများလည်း တိုင်းနှင့် ပြည်နယ်အချို့ရှိမြို့များ၌ ပြုလုပ် နေသည်။
ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဥပဒေလုပ်ထုံးလုပ် နည်းနှင့်အညီသာ ပြင်ဆင်ရန် တပ်မတော် ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူဟု ဆို သူများက မတ်လ ၁၆ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒဖော်ထုတ်ထားသည်။
7Day
0 comments:
Post a Comment