Monday, March 4, 2019

အိုင်အက်စ်လက်ကျန်တွေကို အမြစ်ဖြတ်ဖို့ လူကာဒိုင်းတွေအဖြစ် ဖမ်းချုပ်ထားတဲ့ အရပ်သားတွေကို ဆီးရီးယားတပ်ဖွဲ့ ကယ်ထုတ်


ဆီးရီးယားအရှေ့ပိုင်းက အိုင်အက်စ် နောက်ဆုံးခြေကုပ်နယ်မြေကို နိုင်ငံတကာညွန့်ပေါင်းတပ်တွေ လေကြောင်းပစ်ကူပေးနေတဲ့ ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက တိုက်စစ်လမ်းကြောင်းပွင့်အောင် တိုက်စစ်ဆင်ခဲ့ပါတယ်။ 
ဒီလို တိုက်စစ်ဆင်ပြီးနောက်မှာတော့ နယ်မြေရှင်းလင်းပြီး အိုင်အက်စ်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် အိုင်အက်စ်တွေက ‘လူကာဒိုင်း’တွေအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ကယ်ထုတ်ခဲ့ပါတယ်။ 

အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ နောက်ဆုံးနယ်မြေက အိုင်အက်စ်တွေရဲ့ ခံစစ်ကျိုးအောင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF နဲ့ ၎င်းရဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန်ပေါင်းတပ်က မဟာမိတ်တွေဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ တိုက်စစ်ဆင်ခဲ့တာပါ။ 

ဘက်ဟော့ဇ်ကျေးရွာကို ဗုံး၊ အမြောက်၊ ကျည်ဆန်တွေ မိုးသီးကြွေသလို ကြဲချတိုက်ခိုက်ရင်း အိုင်အက်စ်ခံစစ်ကို စစ်ဦးချိုးပြီး တိုက်စစ်လမ်းကြောင်းပွင့်အောင် တိုက်ပွဲဆင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီလို ထိုးစစ်ချီတာဟာ အဲဒီ နယ်မြေအတွင်း အရပ်သားတွေ ရှိနေသေးဆဲဖြစ်တာကြောင့် တနင်္လာနေ့မှာ စစ်အရှိန်နှေးသွားခဲ့ကြောင်း ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဒီခံတပ်မြေကနေ အရပ်သား ရာပေါင်းများစွာကို ကယ်ထုတ်ခဲ့ရကြောင်း SDF တပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။ 

“မနေ့ကနေ ဒီကနေ့အထိ ကျွန်မတို့ ဘက်ဟော့ဇ်ရွာကနေ ကယ်ထုတ်ခဲ့ရတဲ့ ပြည်သူပေါင်း ၈၀၀ ကျော်တယ်။ ဒီထဲမှာ အိုင်အက်စ်မိသားစုဝင်တွေနဲ့ လက်နက်ချတဲ့ တိုက်ခိုက်ရေးသမားတွေလည်း ပါတယ်။”လို့ ယင်းပြောခွင့်ရအမျိုးသမီးက ပြောခဲ့ပါတယ်။ 

“ကျွန်မတို့ရဲ့ ဘက်ဟော့ဇ်ရွာထဲ ထိုးစစ်ဟာ အဲဒီမှာ အရပ်သားတွေကို လူကာဒိုင်းတွေလို ဖမ်းဆီးထားတာကြောင့် အရှိန်နှေးသွားတာ ဖြစ်တယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment