Monday, March 11, 2019

မလေးရှားကိုသွားတဲ့မြန်မာနိုင်ငံသား ၁၀ ယောက်ကို ထိုင်းလ၀ကဖမ်းဆီး


ဟတ်ရိုင်ခရိုင်ခွဲကနေ မလေးရှားကိုသွားဖို့ပြင်နေတဲ့မြန်မာနိုင်ငံသား ၁၀ ယောက်ကို ဒီနေ့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 
သူတို့ကိုပို့ဆောင်ပေးတဲ့ ထိုင်းအေးဂျင့်နှစ်ယောက်နဲ့ ကိုဆန်းဆိုတဲ့မြန်မာအေးဂျင့်တစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ 
ရနောင်းမြို့မှာရှိတဲ့လူမရှိတဲ့ဂိတ်တစ်ခုကနေ မြန်မာနိုင်ငံသား ၁၀ ယောက်ဖြတ်ကူးခဲ့တာလို့ ဆောင်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ရဲမှူးကြီး ချူသရက် ယင်ယောင်ဒမ်ရောင်ဆာကူကပြောပါတယ်။ 
မလေးရှားနိုင်ငံကိုပို့ပေးဖို့ ဖမ်းမိတဲ့အေးဂျင့်တွေက တစ်ယောက်ကို ဘတ် ၂၅၀၀ ယူခဲ့တယ်လို့လည်း ရဲမှူးကြီးကပြောပါတယ်။ 
အဲဒီ ၁၀ ယောက်က တရားမ၀င်ဝင်ရောက်မှုနဲ့တရားစွဲခံရမှာဖြစ်ပြီး အေးဂျင့်သုံးယောက်ကတော့ တရားမ၀င်ရွှေ့ပြောင်းလာသူတွေကို နေစရာပေးတာနဲ့ တရားစွဲခံထားရပါတယ်။ 

Source-Bangkok Post 
#ဥက္ကာ
The Fifth Wave News 

0 comments:

Post a Comment