အိန္ဒိယတပ်မတော်နဲ့ နှစ်ပတ်ကြာပူးပေါင်းစစ်ဆင်ရေးကာလအတွင်း မြန်မာ့တပ်မတော်ဟာ ရခိုင်ပတ်ဝန်းကျင်က ရခိုင့်တပ်မတော်(AA)ရဲ့စခန်း ၁၀ နေရာကနေ ၁၂ နေရာလောက်ကိုအပြီးသတ်ချေမှုန်းခဲ့ပါတယ်။
အဲဒီစခန်းတွေက အိန္ဒိယကတည်ဆောက်နေတဲ့ ကာလာဒန်ဘက်စုံပို့ဆောင်ရေးစီမံကိန်းအတွက် အန္တရာယ်ဖြစ်နေလို့ အာရုဏ်ဦးစစ်ဆင်ရေးလို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးလုပ်ခဲ့ရတာလို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းရင်းမြစ်တစ်ယောက်ကပြောတယ်လို့ The Hinduသတင်းဝက်ဆိုက်ကဖော်ပြပါတယ်။
"ဖေဖော်ဝါရီ ၁၇ ရက်ကနေ မတ် ၂ ရက်အထိ မြန်မာ့တပ်မတော်က ချင်းပြည်နယ်နဲ့ကပ်နေတဲ့အိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်မှာစစ်ဆင်ရေးဆောင်ရွက်ခဲ့တာပါ။ တပ်စခန်း ၁၀ နေရာကနေ ၁၂ နေရာလောက်အထိ ချေမှုန်းနိုင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ သူတို့အခြေပျက်သွားဖို့ပါ။"လို့ ပြောတာပါ။
အိန္ဒိယတပ်ဖွဲ့တွေက နယ်စပ်ကိုမဖြတ်ခဲ့ဘူးလို့လည်းပြောပါတယ်။
တရုတ်ရဲ့ချဉ်းကပ်ဝင်ရောက်လာတာကိုတန်ပြန်နိုင်ဖို့ အိန္ဒိယက ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့တပ်မတော်နဲ့လေ့ကျင့်တာနဲ့ အထောက်အပံ့ပေးတာတွေရှိပါတယ်။
Source-The Hindu
#ဥက္ကာ
#TheFifthWaveNews







0 comments:
Post a Comment