သာကေတမြို့နယ် ဧရာဝဏ် လမ်းမကြီးပေါ်တွင် မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သဘာဝ တရားရိပ်သာ စာတန်းပါ အိမ်စီးယာဉ်တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းအမျိုးသမီး ကားအတွင် ညှပ်မိသဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် အမျိုးသမီး ၃ ဦးနှင့် သီလရှင် ၂ ပါး စုစုပေါင်း အမျိုးသမီး ၅ ဦးလိုက်ပါခဲ့ပြီး သီလရှင်၂ ပါးနှင့် အမျိုးသမီး ၂ ဦးမှာ သာမန်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးမှာ အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ခြင်းကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
Eleven Media Group










0 comments:
Post a Comment