Monday, March 11, 2019

တရုတ်၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းနှင့် ဝေးဝေးနေရန် အီတလီကို အမေရိကန် သတိပေး


အာရှမှ ဥရောပသို့ ဆက်သွယ်သော အမှတ်အသားဖြစ်သည့် တရုတ်၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ခေါ် Belt and Road Initiative (BRI ) သည် တရုတ်က ၄င်း၏ အခြေခံစီးပွားရေးအဆောက်အအုံတွင် ထည့်ပေါင်းရန် ရည်ရွယ်သည်မှာ သေချာလျှက်ရှိခြင်းကြောင့် အီတလီအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အရာရှိတစ်ဦးက သတိပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 
တရုတ်၏ BRI တွင် ပူးပေါင်းပါဝင်ရန် အီတလီက ကြိုဆိုကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ က ပြောကြားပြီး များမကြာမီ “ အီတလီသည် ကမ္ဘာ့စီးပွားရေးအချက်အချာဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုတို့ ဦးတည်ရာတွင် အရေးပါကြောင်း၊ တရုတ်၏ ပိုးလမ်းမသစ်ပြန်လည်အကောင်အထည်ဖော်ရာတွင် အီတလီက မိမိနိုင်ငံ၏ အခွင့်အခါကို သတိရှိမှုဖြင့် လိုအပ်ကြောင်း၊ အီတလီအစိုးရအနေဖြင့် တရုတ်၏ အခြေခံစီးပွားရေး အဆောက်အအုံ တရားဝင် ထည်ဝါစေရန် အငှားလိုက်စရာမလို ” ဟု အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂါးရက်မားကီးက ၄င်း၏ Twitter စာမျက်နှာတွင် ရေးသားထားသည်ဆို၏။ 

လာမည့် မတ်လ ၂၂ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ပင်သည် ခေတ်သစ်ပိုးလမ်းမနှင့်ပတ်သက်၍ လွှမ်းခြုံရေးဆွဲထားသော စီမံကိန်းအတွက် အီတလီသို့ လာရောက်ဆွေးနွေးမည်ဖြစ်သည်။ အီတလီဝန်ကြီးချုပ် ကလည်း ဧပြီလ တရုတ်နိုင်ငံတွင် ကျင်းပမည့် BRI ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
BRI ဆွေးနွေးပွဲတွင် သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နည်းလမ်းဖြစ်ကြောင်း အီတလီ၏ ပြောကြားချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထင်မြင်ချက်ပေးခြင်း မရှိသေးချေ။ 
လတ်တစ်လောတွင် တရုတ်နှင့်ကုန်သွယ်ရေးဆိုင်ရာ အကြီးအကျယ် အငြင်းပွားလျှက်ရှိသော အမေရိကန်နိုင်ငံ၏ အမြင်တွင် BRI သည် တရုတ်၏ စီးပွားရေးသြဇာလွှမ်းမိုးရန် တိုက်ရိုက်ခြိမ်းခြောက်မှု အဖြစ် ယူဆထားသည်။ ခေတ်ဟောင်းပိုးလမ်းမအတိုင်းဆိုခြင်းမှာ ကနဦးခြေလှမ်းဖြစ်ပြီး နောက်ကွယ်တွင် အရှေ့အလယ်ပိုင်း-ဥရောပနှင့် အာဖရိကသို့ ရေလမ်း-ကုန်းလမ်းဖြင့် ဆက်သွယ်လျှက်တရုတ်၏ စီးပွားရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကျန်နေသေးသည်ဟု သံသယရှိသည်။ 
တရုတ်၏ အကြီးဆုံးဆက်သွယ်ရေးလုပ်ငန်းကြီးများဖြစ်ကြသော ဟွာဝေးနည်းပညာကုမ္ပဏီနှင့် ZTE ကော်ပိုရေးရှင်းတို့ကို တရုတ်အစိုးရအတွက် စပိုင်လုပ်ပေးသူများအဖြစ် အမေရိကန်က ယုံကြည်ထားသည်။ ထိုအတွက် ၄င်း၏ မဟာမိတ်များနှင့်အတူ အလှည့်အပြောင်း ရှာဖွေလျှက်ရှိသည်ဆိုခြင်းမှာ အမေရိကန်၏ တရားမျှတခြင်းမရှိသော ဗိုလ်လုပွဲဖြစ်ကြောင်း တရုတ်က နောက်ထပ်စွပ်စွဲရန် ဥပမာတစ်ခုဖြစ်နေသည်။ 
တရုတ်၏ လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် စွပ်စွဲလျှက် အမေရိကန်က အလေးအနက်ထားသော်လည်း အီတလီအနေဖြင့် အာရှဆက်သွယ်ရေး မဟာလုပ်ငန်းကြီးများအပေါ်တွင် ထိုသို့ ခွဲခြားရှု့မြင်ခြင်းမရှိချေ။ အီတလီ အတွက် လာမည့်နှစ်များအတွင်း ဟွာဝေးနှင့် ZTE ကျွမ်းကျင်သူများက မျိုးဆက်သစ် 5G မိုဘိုင်း ကွန်ရက် ဖွံ့ဖြိုးရေးရလဒ် ဆောင်ကျဉ်းပေးလိမ့်မည်ဟု အလေးအနက်ထား နေကြောင်းသိရသည်။ 

Htay Oung (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment