မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အောင်သပြေကျေးရွာရှိ အယ်လ်ဖာလိပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်အတွက် မန္တလေးတိုင်းဝန်ကြီချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌတို့ကိုအရေးယူပေးရန် အောင်သပြေကျေးရွာဒေသခံများက NLDရုံးချုပ်ကိုလာရောက်တိုင်ကြားခဲ့သည်။
အောင်သပြေကျေးရွာဒေသခံများက သဘောတူညီချက်ပါဝင်ခြင်းမရှိဘဲ အယ်လ်ဖာလိပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုခဲ့သည့်အတွက် ဒေသခံ ၁ဝ ဦးကျော်ခန့်က ယနေ့နံနက် ၁၁နာရီအချိန်တွင် သွားရောက်တိုင်ကြားခဲ့သော်လည်း ပါတီတာဝန်ရှိသူများကမူ နံနက်ပိုင်း၌တွေ့ဆုံခဲ့ခြင်းမရှိခဲ့သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက ရုံးဆင်းချိန်တွင် ဒေသခံများနှင့်ခေတ္တတွေ့ဆုံခဲ့ပြီး တိုင်ကြားစာပေးခဲ့ရန်၊ယင်းစာဖတ်ပြီးမှသာ ပြန်လည်အကြောင်းပြန်မည်ဖြစ်ကြောင်းနှင့်ပါတီသည်အစိုးရအဖွဲ့မဟုတ်သည့်အတွက် ချက်ချင်းဆောင်ရွက်ပေးရန်မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဒေသခံများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
''ခင်များတို့စာပေးထားမဟုတ်လား။စာပေးထားရင် ကျွန်တော်နောက်နေ့မှ အဲ့ဒိစာကိုဖတ်ပြီးအကြောင်းပြန်ပေးမယ်''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဒေသခံများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားမှုကြောင့် ဒေသခံများဘက်မှ လာမည့်ရက်ပိုင်း အတွင်း၌ လမ်းတံတားဥပဒေ ပုဒ်မ ၂၂ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေသခံ ၄ဦး၏အမှုမှာ အမိန့်ချမှတ်တော့မည့်ဖြစ်သည့်မတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြန်လည်ပြောကြားခဲ့သော်လည်းပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းမှ တိကျသည့်အဖြေတစ်စုံတရာကိုပေးအပ်ခဲ့ခြင်းမရှိကြောင်းသိရသည်။
''ကျွန်တော်တို့က ကိုယ့်ကဏ္ဍနဲ့ကိုလုပ်ရတာ။ခင်များတို့ အခုတိုင်ထားတဲ့အတွက် ကျွန်တော်စာနာပြီးဖတ်ပေးမယ်။ပြီးရင်အကြောင်းပြန်ပေးမယ်။မဖတ်ရသေးဘဲနဲ့တော့ ကျွန်တော့ကို မမေးနဲ့ကျွန်တော်မဖြေနိုင်ဘူး။မဖတ်ရသေးဘဲ ဖြေတော့ရောဘာဖြစ်လာမှာလဲ''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။
ယင်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း၏ ပြန်လည်ပြောကြားမှုအပေါ် ဒေသခံများက ကျေနပ်မှုမရှိခဲ့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အယ်လ်ဖာဘိလပ်မြေစက်ရုံကို တိုင်းအစိုးရအဖွဲ့ကခွင့်ပြုခဲ့ရာတွင် သတ္တုတွင်းဥပဒေကိုချိုးဖောက်မှုများရှိခဲ့သည့်အပြင် စက်ရုံအကောင်အထည်ဖော်ရန်ကို အစိုးရအဖွဲ့ကကာကွယ်ပေးနေသည့်ပုံစံဖြစ်နေသည့်အတွက် ယခုကဲ့သို့လာရောက်တိုက်ကြားခြင်းဖြစ်ကြောင်း တိုင်ကြားမှုအား ဦးဆောင်သူ ကိုကျော်မျိုးဦးကပြောကြားသည်။
''ဒီစက်ရုံကိုဘာကြောင့်လက်မခံသလဲဆိုရင် သူတို့သတ္တုတွင်း ဥပဒေကိုအများကြီးချိုးဖောက်ထားတယ်။အဲ့ဒိချိုးဖောက်နေတာတွေကို နိုင်ငံတော်၊လက်ရှိတိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးမယူဘဲနဲ့သူတို့ကို ဒီဟာကိုလုပ်ဖို့အတွက်တောင်ကာပေးသလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ဒါကိုလုံးဝလက်သင့်မခံနိုင်လို့ အခုလိုတိုင်ကြားသာကို လာပို့တာပါ''ဟု ဦးဆောင်သူကိုကျော်မျိုးဦးကပြောကြားသည်။
အဆိုပါ အယ်လ်ဖာလိပ်မြေစက်ရုံစီမံကိန်းကို သက်ဆိုင်ရာက ဧကပေါင်း ၆၁၂ ဧကထုတ်လုပ်ခွင့်ပြုထားပြီး စက်ရုံဧကမှာ ၂၁၁ဧကရှိကြောင်းနှင့်ယင်းစီမံကိန်းအားကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူးမှမြို့ပြအင်ဂျင်နီယာ ဒေါ်မင်းမင်းမြင့်က ဒေသခံ ၄ဦးကို လမ်းတံတားဥပဒေ ပုဒ်မ ၂၂ဖြင့်တရားစွဲဆိုထားပြီး ၃ဦးမှာလက်ရှိတွင်အချုပ်သားအဖြစ်အမှုရင်ဆိုင်နေရကြောင်းနှင့် အသက် ၇၀ကျော်ခန့်အဖွားအိုတစ်ဦးကိုမူအာမခံဖြင့်တရားရင်ဆိုင်ခွင့်ပြုထားကြောင်းသိရသည်။
ကိုလူသစ်
The Fifth Wave News








0 comments:
Post a Comment