Monday, March 11, 2019

"ရခိုင်ပြည်သူများ ကျီးလန့်စာစားနေရ" ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဆို


ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ကျီးလန့်စာစားနေရကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယမန်နေ့က ပြောကြားသည်။ 
“အခုဆိုရင် ရခိုင်မှာပြည်သူတွေလည်း ကျီးလန့်စာစားပေါ့နော်။အခု ၁၀ တန်းစာမေးပွဲတွေ ကျင်းပနေတဲ့ အချိန်မှာတောင် ဒါမျိုး အဲ့ဒီ ၁၀ တန်း ကလေးတွေလည်း တော်တော်များများတုန်လှုပ်ပြီးတော့ စာကျက်ရတာအနှောင့်အယှက်တွေဖြစ်တယ်လို့ ကျွန်တော်တို့ကြားတယ်ပေါ့နော်။အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ စိတ်မကောင်းဘူး။အစိုးရက ဒီဒေသရဲ့ တည်ငြိမ်အေးချမ်းရေး ကိုဆောင်ရွက်မှာဖြစ်တယ်။တပ်မတော်ကလည်း အစိုးနဲ့ အတူ တည်ငြိမ်အေးချမ်းရေးကပို ပံ့ပိုးကူညီဆောင်ရွက်မှာဖြစ်တယ် ။ဒီအပေါ်မျာ လုပ်သင့်လုပ်ထိုက်တဲ့ အစိုးရတစ်ရပ်အနေနဲ့ လုပ်သွားမှာဖြစ်တယ်”ဟု ဦးဇော်ဌေးကပြောသည်။ 
ယမန်နေ့က အစိုးရနှင့် RCSS တို့ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေး က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ထို့သို့ လုပ်ဆောင်နေသော်လည်း AA ကို တံခါးပိတ်ထားမှု မရှိကြောင်း၊နိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်းတွင်ရောက်ရှိအောင်ဖိတ်ခေါ်ထားကြောင်း ဦးဇော်ဌေးကပြောသည်။ 
“အဓိကက NCA ထိုးဖို့ ကျွန်တော်တို့ ဖိတ်ခေါ်နေတယ် ။ဒီတစ်ဖွဲ့တည်းတင်မကဘူး။ အားလုံးပါအောင် ဖိတ်ခေါ်နေတာဖြစ်တယ်”ဟု ၎င်းကပြောသည်။ 
AA သောင်းကျန်းသူအဖွဲ့မှ ယိုးတရုတ်ကျေးရွာရှိရဲစခန်းများနှင့် ရသေ့တောင်မြို့နယ်ကာဒီချောင်းအတွင်းလှုပ်ရှားနေသည့် ရဲတပ်ဖွဲ့ဝင်စက်လှေများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် တပ်မတော်မှ AA သောင်းကျန်းသူစစ်ဆင်ရေးကို ထိရောက်စွာဆက်လုပ်သွားမည်ဟု မတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ 
ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက်နေ့ကလည်း AA သောင်းကျန်းသူ အဖွဲ့က ရဲစခန်းများအား ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ယဉ်ကေနွယ် 
The Fifth Wave News 


0 comments:

Post a Comment