လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာပတ်လမ်းတွင် မတ်လ ၅ ရက် နံနက်ပိုင်းက ရဲစခန်းထောက်ခံစာ အတုများ ကိုင်ဆောင်၍ တစ်စောင်လျှင် ကျပ်နှစ်ထောင်ဖြင့် ရောင်းချနေသော အမျိုးသမီးတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖမ်းမိသူ အသက် ၂၆ နှစ် ဇော်လွင်ဦး (ခ) ဇော်လွင်မှာ ယင်းမြို့နယ်၊ (၁၄) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းလက်တွင် ကိုင်ဆောင်ထားသည့်အနက်ရောက်ကြွပ်ကြွပ်အိတ်အတွင်းမှလှိုင်သာယာမြို့မ ရဲစခန်း၏ လက်မှတ်အတုပါ ရဲစခန်းတံဆိပ်တုံးအတု ရိုက်နှိပ်ထားသော ရဲစခန်းထောက်ခံစာအတု ၉ ရွက်ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ရဲစခန်းထောက်ခံစာ အတုများအား ထောက်ခံစာ လိုအပ်သူများကို တစ်စောင်လျှင် ကျပ်နှစ်ထောင်ဖြင့် ပြုလုပ်ရောင်းချပေးနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ယင်းအမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice






0 comments:
Post a Comment