ကြက်သွန်နီပေါ်လာချိန်တွင်ဈေးကွက်အတွင်း ရောင်းချနေသည့်ဈေးနှုန်းမှာ စိုက်ပျိုးစရိတ်အောက်ကို ရောက်ရှိနေသဖြင့် ကြက်သွန်စိုက်တောင်သူများအရှုံးပေါ်နေပြီး အစိုးရမှအခြေခံဈေးနှုန်းတစ်ခုသတ်မှတ်ပေးရန် ကုန်သည်များက လိုလားနေကြသည်။
လက်ရှိတွင် ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိသာလျှင် သွင်းဈေး ကျပ်(၃၅၀) ခန့်အထိကျဆင်းနေသဖြင့် စိုက်ပျိုးစာရိတ်ပင်ပြန်မရသည့်အနေအထားဖြစ်ဖြစ်နေသည်ဟုသိရသည်။
"လှိုင်လှိုင်ပေါ်ချိန်မှာဈေးက သိသိသာသာကျသွားတယ်။ပြည်ပကိုတင်ပို့မှုအချို့ရှိနေပေမယ့်လည်း ပြည်တွင်းဈေးကွက်က လုံးဝဈေးမရတော့တောင်သူတွေအတွက် ဘယ်ခံနိုင်မလဲ၊စပါးကို အခြေခံဈေးနှုန်းသတ်မှတ်သလိုမျိုး ကြက်သွန်နီကိုလည်း သတ်မှတ်ဝယ်ယူပေးစေချင်ပါတယ်"ဟု မန္တလေးတိုင်းအတွင်းရှိ ကြက်သွန်စိုက်တောင်သူ ဦးလှမြင့်ကဆိုသည်။
ကြက်သွန်နီဈေးနှုန်းကို တည်ငြိမ်စေရန်နှင့် ယခုလို ကြက်သွန်နီများဈေးကွက်အတွင်းအလုံးအရင်းဝင်လာချိန်တွင် အစိုးရအပိုင်းမှ လိုအပ်သည့်ကူညီပံပိုးဈေးကွက်ရှာဖွေမှုများပြုလုပ်ပေးသွားရန် ကုန်သည်များကလည်း လိုလားနေကြသည်။
ယခုလအတွင်း ကြက်သွန်နီအမျိုးအစားအလိုက် လက်လီဈေးကွက်အတွင်း၌ တစ်ပိသာလျှင် ငါးရာကျပ်မှခုနှစ်ရာကျပ်အထိ ရှိနေသည်။
Popular News Journal
0 comments:
Post a Comment