သင်္ကြန်ရုံးပိတ်ရက် အိမ်ပြန်ဖို့လက်မှတ်ဝယ်ရအခက်အခဲဖြစ်နေသူတွေအတွက် မန္တလေးတိုင်းဒေသကြီးအဝေးပြေးယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီကဦးဆောင်ပြီး စင်းလုံးငှား ယာဉ်တွေနဲ့ကူညီဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့သိရပါတယ်။
”အိမ်ပြန်လက်မှတ်ဝယ်ဖို့ခက်နေသူတွေအတွက် စင်းလုံးလိုက်ငှားပြီးကူညီသွားဖို့အထိရှိပါတယ်၊ ယာဉ်အသင်းတွေဆီအကူအညီတောင်းပြီးဆောင်ရွက်ပေးသွားမှာပါ”လို့ မန္တလေးတိုင်းဒေ သကြီးအဝေးပြေးယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးအောင်ကျော်လင်းကပြောပါတယ်။
သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်ဖို့အခက်အခဲဖြစ်နေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ ၀န်ထမ်းတွေအပါအ၀င် ခရီးသွားပြည်သူတွေအတွက် အဆင်ပြေစေဖို့ရည်ရွယ်တာဖြစ်တယ် လို့သိရပြီး သင်္ကြန်အကြိုနေ့အထိဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။
မန္တလေးမြို့ကနေ ဒေသအသီးသီးပြန်ကြမယ့်ခရီးသည်တွေအနေနဲ့ စိတ်ချရတဲ့ယာဉ်လက်မှတ်အရောင်းဌာနတွေကနေသာ လက်မှတ်ဝယ်ယူသင့်တယ်လို့လည်း ဦးအောင်ကျော် လင်းကပြောပါတယ်။
မန္တလေးမြို့မှာ အဝေးပြေးယာဉ်ရပ်နားစခန်း ၅ ခုရှိပြီး ယာဉ်အသင်းပေါင်း ၅၀၀ ကျော်နဲ့ အနယ်နယ်အရပ်ရပ်သို့ပြေးဆွဲပေးလျက်ရှိတယ်လို့သိရပါတယ်။
စောထွေး
Popular News Journal
0 comments:
Post a Comment