Thursday, March 14, 2019

မေးခွန်းများကို ပြီးစလွယ်မဖြေရန် ဝန်ကြီးဌာနများသို့ လွှတ်တော်ကော်မတီ အကြံပြု


လွှတ်တော်ကိုယ် စားလှယ်များ မေးမြန်းသည့် မေး ခွန်းများဖြေဆိုရာတွင် ဝန်ကြီးဌာန များအနေဖြင့် လိုရင်းဖြစ်သော ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ တိတိပပ ဖြေကြားရန် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက အကြံပြုသည်။ 
မတ်လ ၁၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ အမျိုးသားလွှတ် တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ၎င်းတို့ ကော်မတီအစီရင်ခံစာ တင်သွင်းရာ၌ ယင်းသို့ အကြံပြုသည်။ 

ဝန်ကြီးဌာနများက တိတိ ကျကျ ဖြေကြားခြင်းမရှိသဖြင့် လွှတ်တော်၌ ကတိကဝတ် ဖြစ်၊ မဖြစ် မသတ်နိုင်သောကြောင့် ထိုသို့ အကြံပြုခြင်းဖြစ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေနိုင်က ပြောသည်။ 

‘‘တိတိပပ ဖြေရမယ်။ ရန်ပုံ ငွေရရှိမှုအပေါ် မူတည်ပြီး လုပ် ပေးပါမယ်ဆိုတဲ့ ဟာက ကြား ကောင်းအောင် ဖြေတဲ့ အဖြေတွေလေ။ ဘယ်ဘဏ္ဍာနှစ်မှာ ထည့် သွင်းဆောင်ရွက်မယ်ဆိုတဲ့ တိကျ တဲ့အဖြေကို ဖြေဖို့ လိုတယ်။ ပြီးစ လွယ် လာဖြေတာရှိတယ်။ အဲဒီလို မဖြေဖို့ ထောက်ပြတာပါ’’ဟု ၎င်း က ပြောသည်။ 

ဝန်ကြီးဌာနများက လွှတ် တော်သို့ မေးခွန်းလာရောက်ဖြေ ဆိုခြင်း၊ အဆိုများကို ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင် လိုရင်းကို တိတိကျကျ ဖြေကြားခြင်းမရှိဘဲ ဝေ့ဝိုက်ဖြေကြားသဖြင့် လွှတ်တော်ဥက္ကဋ္ဌများက သတိပေးရသည့် ဥပမာများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ရှိခဲ့သည်။ 

‘‘ပေးနိုင်ရင် ပေးနိုင်တယ်။ မပေးနိုင်ရင် မပေးနိုင်ဘူး တိတိ ကျကျ ဖြေစေချင်တယ်။ မဟုတ် လို့ရှိရင် သူတို့က ကြားကောင်း အောင်၊ ကိုယ်စားလှယ်တွေ နား ကြားကောင်းအောင် ပြောတဲ့ဟာ တွေ မလိုချင်ဘူးပေါ့’’ဟု ဦးမင်း ဆွေနိုင်က ပြောသည်။ 

လွှတ်တော်ကိုယ်စားလှယ် များဘက်က မေးခွန်းမေးမြန်းရာ တွင် လိုရင်းရောက်စေရန် တိတိကျကျမေး မြန်းရန် လိုအပ်ကြောင်း အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များစိစစ် ရေးကော်မတီက အကြံပြုသည်။ 

ဝန်ကြီးဌာနများက ဖြေကြား သည့် မေးခွန်းများတွင် လွှတ် တော်ကတိကဝတ်ဖြစ်သည့် ကိစ္စ ရပ်များကို လက်တွေ့မြေပြင်၌ ဆောင်ရွက်ခြင်းရှိ၊ မရှိ ကော်မတီအနေဖြင့် စိစစ်ကာ လက်ရှိ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခြင်း မရှိပါက နောက်ဘဏ္ဍာနှစ်၌ ဆောင်ရွက်ရန် ထောက်ပြကြောင်း ဦးမင်းဆွေနိုင်က ပြောသည်။ 

ယခုလွှတ်တော်သက်တမ်း တွင် ကတိဖြစ်ထားသည့် မေးခွန်း အားလုံးကို လက်ရှိအစိုးရသက် တမ်းအတွင်း ဆောင်ရွက်နိုင်ရန် မြေပြင်သို့ ကွင်းဆင်းဆောင်ရွက် ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ကြားနာခြင်းများ ပြုလုပ် နေကြောင်း ၎င်းက ပြောသည်။ 

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့မေးမြန်းပြီး ကတိဖြစ်ထားသည့် ကိစ္စများကို အမှန်တကယ် မြေပြင်တွင် ဆောင်ရွက်ရာ၌ ကွဲလွဲမှုရှိ၊ မရှိကွင်းဆင်းစစ်ဆေးရန် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက အကြံပြုသည်။

7Day

0 comments:

Post a Comment