
အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံးခြေချမည့်လူသားမှာ အမျိုးသမီးတစ်ဦးဖြစ်လိမ့်မည်ဟု အမေရိကန်လေကြောင်းနှင့်အာကာသဆိုင်ရာညွှန်ကြားမှုဦးစီးဌာန(NASA)အကြီးအကဲက ယမန်နေ့ကပြောသည်။
ထို့အပြင် လပေါ်သို့လူသားများဆင်းသက်ခြင်းကို ထပ်မံပြုလုပ်မည့်အစီအစဉ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးပါဝင်ဦးမည်ဖြစ်ကြောင်းသူကပြောသေးသည်။
ယခုလကုန်ပိုင်းတွင်လည်း ပထမဆုံးသော အမျိုးသမီးများ အာကာသအတွင်း လမ်းလျှောက်ကြခြင်းကို NASA ကပြုလုပ်မည်ဖြစ်သည်။ ယင်းအစီအစဉ်ကို မတ်လ ၂၉ ရက်တွင်စတင်မည်ဖြစ်ကာ အမျိုးသမီးအာကာသယာဉ်မှူးများဖြစ်ကြသော အန်နီမက်ကလိန်းနှင့် ခရစ်စတိနာကို့ခ်ျတို့က ၇ နာရီကြာမြင့်သည် ယင်းခရီးစဉ်တွင်ပါဝင်ကြမည်ဖြစ်သည်။
Ref: NASA boss says first person on Mars 'likely to be a woman'
Popular News Journal






0 comments:
Post a Comment