ကိုယ်တိုင်ရေးဆိုထားတဲ့သင်္ကြန်သီချင်း ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်ကို ပရိသတ်ဆီပို့ပေးတော့မယ်ဆိုတဲ့ တေးသံရှင် ပိုပို က သူမရဲ့ သီချင်းဖန်တီးမှုနဲ့ ပတ်သက်ပြီး ခုလိုပြောခဲ့ပါတယ်.....။
သင်္ကြန်သီချင်းကို ဒီမတ်လကုန်လောက်ပေးနိုင်အောင် ကြိုးစားနေတယ်...ပရိသတ်တွေအတွက်သေချာလေး ပြင်ဆင်ထားပါတယ်...ပိုပို ကိုယ်တိုင်သီချင်းရေးတာဆိုတော့ သင်္ကြန်သီချင်းက အခြားသီချင်းတွေနဲ့ ခံစားချက်ကွာတာပေါ့...။သင်္ကြန် Mood နဲ့ အခြားသီချင်းတွေနဲ့ ကွာတယ်လေ...။
ပိုပို သင်္ကြန်သီချင်းရေးမယ်ဆိုတော့အရင်တုန်းက သီချင်းတွေ ပြန်လေ့လာရတယ်...ဆရာမြို့မငြိမ်း သီချင်းတွေလည်းလေ့လာရတယ်...ပြီးတော့ ပိုပို ရေးထားတာက ခုခေတ်ပုံစံ EDM ပုံစံမျိုးနဲ့ မြန်မာ့ရိုးရာသင်္ကြန်အငွေ့အသက်တွေကို ပေါ်လွင်အောင် ရောပြီးဖန်တီးထားပါတယ်...ပရိသတ်တွေကြိုက်မယ်လို့ ထင်ပါတယ်...။
Tomorrow News Journal







0 comments:
Post a Comment