ရန်ကုန်တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဥပဒေရေးရာနဲ့ ဆိုင်တဲ့ Philip C. Jessup International Moot Court Competition ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မနေ့က အမေရိကန်နိုင်ငံကို ထွက်ခွာသွားကြပြီလို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁ဝဝ က ဥပဒေ ကျောင်းသား ၇ဝဝကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဥပဒေကျောင်းသားတွေ ပထမဆုံး အကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စင်တာမှာ ကျင်းပတဲ့ တက္ကသိုလ်ပေါင်းစုံ အရည်အချင်းစစ်ပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံခဲ့တာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို လာမယ့် မတ်လ ၃၁ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
Photo: U.S. Embassy Rangoon
- မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသား ကျောင်းသူများအဖွဲ့။
VOA
0 comments:
Post a Comment