ထိုင်းဝန်ကြီးချုပ် ပရာရွတ် အကြောဆေးသွင်းပြီးအလုပ်လုပ်နေတဲ့ပုံကို သူ့ရဲ့တရားဝင် Facebookစာမျက်နှာမှာ မတ်လ (၂၈)ရက်က တင်ခဲ့ပါတယ်။
ဖျားနာနေတာသက်သာဖို့ အကြောဆေးသွင်းထားတာလို့ ပြောခွင့်ရသူတစ်ယောက်ကပြောပါတယ်။ ထိုင်းခူဖားအဆောက်အအုံက သူ့ထိုင်ခုံမှာ အကြောဆေးသွင်းပြီး အလုပ်လုပ်နေတာကို တင်ထားတာပါ။
ကြာသပတေးနေ့ကတော့ အပြင်ထွက်ဖို့ချိန်းဆိုထားတာမရှိပေမဲ့ သောကြာနေ့ဆိုရင်တော့ သူအပတ်စဉ် ထိုင်းအစိုးရအိမ်တော်ကနေ ပြောတဲ့မိန့်ခွန်းကို နောက်ဆုံးအနေနဲ့ပြောရမှာပါ။
အိပ်ချိန်နည်းနည်းပဲရတဲ့ နိုင်ငံခြားခရီးစဉ်တွေမှာလည်း ပရာရွတ်က အကြောဆေးသွင်းလေ့ရှိတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူတစ်ယောက်က ပြောပါတယ်။
ပုံအောက်မှာတော့ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရော၊ ဝေဖန်တဲ့မှတ်ချက်တွေပါ တွေ့ရပါတယ်။
#ရွှေတြိဂံဒေသသတင်းလွှာ
0 comments:
Post a Comment