သိန်းနီမြို့နယ်အတွင်း KIA အဖွဲ့မှ ဆက်ကြေး ကောက်ခံသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် မတ် ၅ ရက် ည ၉ နာရီခန့်တွင် နမ့်ခိုက်ကျေးရွာနေ KIA အဖွဲ့မှ ဒုတိုက်နယ်မှူး အဆင့်ရှိ ဦးလနောင်(ဘ)ဦးလဗျန်အား ၎င်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တူးဘောက်အတွင်းမှ ကချင်ဘာသာဖြင့် ရေးသားထားသည့်KIA အဖွဲ့၏ ဆက်ကြေးငွေကောက်ခံသည့် ဖြတ်ပိုင်းစာအုပ်တစ်အုပ်၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား သတင်းဆက် ဖော်ထုတ်ချက်အရ လွယ်ကျယ်မြို့၊ အောင်ဇေယျ ရပ်ကွက်နေ KIA အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ ဦးဘရန်တောင်(ဘ)ဦးမရန်တူးအား ကျောင်းခမ်းကျေးရွာအနီး၌ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ် တစ်စီး၊ မြန်မာငွေ တစ်သိန်း၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား နယ်မြေခံ တပ်ရင်း၌ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် သိန်းနီမြို့နယ် ရဲစခန်းသို့ ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News








0 comments:
Post a Comment