Tuesday, March 5, 2019

KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ သဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ


KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ သဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား သည်။ 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၄)နေ မောင်လီဆာလယ်(ဘ) ဦးလီဆာဆီသည် မတ် ၁ ရက်တွင် ၎င်း၏ သူငယ်ချင်း ၁၅ ဦးနှင့်အတူ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာ၏ အရှေ့မြောက်ဘက်၅ မိုင်ခန့်အကွာရှိ တောအတွင်းသို့ ဆေးမြစ် ရှာဖွေရန် ထွက်ခွာခဲ့ရာ မတ် ၃ ရက် နံနက် ၈ နာရီခန့်တွင် KIA အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်လီဆာလယ်မှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ 

အဆိုပါ မိုင်းထိလူနာအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။ 

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
The Ladies News


0 comments:

Post a Comment