မီတာခတိုးမြင့်ကောက်ခံခြင်း၊တိုးမြင့်ခြင်းကို ကြိုတင်မသိရှိရခြင်း၊ နိုင်ငံသားတိုင်း၏ တစ်ဦးချင်း ဝင်ငွေ အပေါ်ကြည့်ကာ တိုးမြင့်ကောက်ခံမှုများပြုလုပ်စေလိုခြင်း၊မီတာခများတိုးကောက်သလို အလုပ် သမားများ၏ အနည်းဆုံးလုပ်ခလစာတိုးမြင့်ပေးစေရန် ရည်ရွယ်ချက်များဖြင့် MICS (မြန်မာနိုင်ငံစက်မှု လက်မှု နှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)မှလစာမတိုး၊မီတာခတိုးသည် ခေါင်းစဉ်ဖြင့် ကမ်ပိန်းတစ်ခုကို ၂၀၁၉ ခုနှစ်၊ဇူလိုင် (၁)ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ MICS ရုံးတွင် ပြုလုပ်စဉ်။
၎င်းအဖွဲ့မှ ဇူလိုင်ကုန်အထိ အလုပ်သမားများ ပေးဆောင်ရသော မီတာခစာရင်းများကိုစောင့်ကြည့်ကာ စာရင်းပြုစုပြီး လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ၊ နိုင်ငံသားတိုင်း၏ တစ်ဦးချင်း ဝင်ငွေအပေါ်ကြည့်ကာ တိုးမြင့်ကောက်ခံမှုများပြုရန်လိုကြောင်းနှင့် မီတာခတိုးလာသည်နှင့်အမျှ တစ်ဦးချင်း ဝင်ငွေတိုးလာစေရန်အတွက် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိကြောင်း MICS ၏ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်မှကမ်ပိန်းတွင်ပြောကြားသည်။
0 comments:
Post a Comment