Monday, July 1, 2019

အခြေခံဥပဒေပြင်ဆင်ရေး သပိတ်ကျင်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 
ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်သူများက ချောင်းကြီးကျေးရွာ သုံးထပ်ကွေ့မှ ချောင်းကြီးအားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကဗျာဆရာ ထွဏ်းသွေးအိမ်နှင့် စာရေးဆရာ ချစ်ဆရာတို့က ဟောပြောခဲ့ကြသည်။ 
"ရွာတိုင်းမှာ လှည့်လည်နှိုးဆော်ခဲ့တော့ တမြို့နယ်လုံးလိုလို တက်ခဲ့ကြတယ်။ ငြိမ်းစုစီတင်ထားတာတော့ လူအင်အားက နှစ်ထောင်ပဲတင်ထားတာ။ တကယ်တန်း လာဝန်းရံတာကတော့ စုစုပေါင်းဆိုရင် လေးငါးထောင်ကျော်ရှိတယ်"ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် ဦးမောင်ကြီးကပြောသည်။ 
ဆန္ဒဖော်ထုတ်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး … ဒို့အရေး၊ ပြည်သူ့ဆန္ဒနှင့်ထပ်တူမကျသောဥပဒေများ … အလိုမရှိ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ … အောင်ရမည် စသည်များကိုကြွေးကြော်ခဲ့ကကြသည်။ 






ဇော်သက် (စဥ့်ကူး)
News Watch 

0 comments:

Post a Comment