Monday, July 1, 2019

ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်အား အမည်စာရင်းတင်


ရန်ကုန်တိုင်းဒေသကြီး ၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ဝန်ကြီးအဖြစ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်အား ခန့်အပ်ရန် တိုင်းဒေသကြီး လွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်ကြောင်း သတင်းရရှိသည်။ 
ယနေ့ (ဇူလိုင်လ ၁)နံနက်ပိုင်းက ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးအတွက် ဝန်ကြီးချုပ် က 
ပေးပို့လာသည့်အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခြင်းခံရသူ ဒေါ်မိုးမိုးစုကြည် က '' လောလောဆယ် တော့ဘာမှ မှတ်ချက်မပြုချင်သေးပါဘူး။ဘာလို့လဲဆိုတော့ ဒီနေ့က အမည်စာရင်း တင်သွင်းတာပဲရှိသေးတယ်။တာဝန်တွေအရ အတည်ပြုခြင်းမရှိသေးတဲ့အတွက် ဘာမှ ပြောဖို့မရှိသေးပါဘူး'' ဟု ပြောသည်။ 

ယင်းသို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ခန့်အပ်ရန် ဒေါ်မိုးမိုးစုကြည် အား ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမှုအပေါ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်သို့ အမည်စာရင်းပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

ကိုလင်း 
photo-Yangon Hluttaw
News Watch 


0 comments:

Post a Comment