စစ်ကိုင်းမြို့တွင် ဧရာဝ တီမြစ်ရေ ရုတ်တရက်မြင့်တက် လာ၍ လူ ၈,၀၀၀ ထောင်ကျော် နှင့် ကျွဲ၊ နွားများအပါအ၀င် အိမ် မွေးတိရစ္ဆာန်အကောင်ရေ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေး ပေါ်ရွှေ့ပြောင်းထားရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအ န္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးစ၀ီလီဖရန့်က ပြောသည်။
ဧရာဝတီမြစ်ရေသည် စစ် ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်အ ထက် တစ်ပေခန့် မြင့်တက်လာ သည်။ ဇူလိုင် ၂၁ ရက်၌ မြေနိမ့် ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ရေသိသာစွာ မြင့်တက်လာ၍ ဒေသခံများနှင့် အိမ်မွေးတိရစ္ဆာန် များကို ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းခဲ့ရသည်။
‘‘စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးမှာ ရေဘေးသင့်လူဦး ရေ ၂၀,၀၀၀ ကျော်ပြီ။ အဲဒီထဲ မှာ စစ်ကိုင်းမြို့က အများဆုံးပဲ။ မြစ်ရေက တိုးလာတာကြောင့်’’ ဟု ဦးစ၀ီလီဖရန့်က ပြောသည်။
စစ်ကိုင်းမြို့နယ်တွင် အိမ် ထောင်စု ၂,၀၂၄ စုမှ လူ ၈,၈၃၀ ဦး၊ ကျွဲအကောင်ရေ ၄,၀၀၀ ကျော်နှင့် မြင်း၊ ၀က်ကဲ့သို့ အိမ် မွေးတိရစ္ဆာန် အကောင်ရေ ၅,၂၀၀ ကို ဘေးလွတ်ရာပြောင်း ရွှေ့ထားရသည်ဟု ဇူလိုင် ၂၁ ရက် အခြေအနေကို ၎င်းကရှင်းပြ သည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့တို့ တွင် လူ ၂၀,၀၀၀ ကျော် ရေဘေးမှ တိမ်းရှောင်နေရပြီး ဒေသချင်း ဆက်စပ်နေသော မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း၊ စဥ့်ကူး နှင့် တံတားဦးမြို့၌လည်း လူ၂၀,၀၀၀ ခန့် ရေဘေးကြုံတွေ့ နေသည်။
ဧရာဝတီ၊ ကုလားတန်နှင့် လေးမြို့မြစ်ရေ ကျဆင်း၍ ကချင်၊ချင်းနှင့် ရခိုင်ပြည်နယ်တွင် ဇူလိုင်၂၀ ရက်ကစ၍ ရေဘေးရှောင် စခန်းများ ပိတ်သိမ်းသော်လည်း မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး၌ ရေဘေးသင့်လူဦးရေ တိုးလာနေသည်။ ဧရာဝတီမြစ်ရေ တိုးလာ၍ ကြုံ တွေ့ရသော ယခုရေဘေးကို ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ရေး ကြိုတင်စီမံမှုများ ပြုလုပ်ခဲ့သည်ဟု ဘေးအန္တရာယ်စီမံ ခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။
ဧရာဝတီမြစ်ရေသည် ဇူလိုင်၂၁ ရက်တွင် မန္တလေး၊ သပိတ်ကျင်းနှင့် စစ်ကိုင်းမြို့၌ စိုးရိမ်ရေမှတ် အထက် တစ်ပေခန့်တွင် မြင့်တက်နေပြီး မြင်းမူမြို့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည်။ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၌ စိုးရိမ်ရေ မှတ်အနီး ရောက်ရှိနေရာ မကွေး တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင် ပြီး ဒေသတွင်း ရေဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင် ပြုလုပ်နေသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း မြစ်ငယ်မြို့တွင် ဒုဋ္ဌ၀တီမြစ်ရေက စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်ကျော်လွန်နေဆဲ ဖြစ် သည်။
ဧရာဝတီမြစ်ရေသည် မန္တ လေးတိုင်းဒေသကြီးကို ဖြတ်ပြီး မကွေးနှင့် ဧရာဝတီတိုင်းဒေသ ကြီးသို့ ၀င်ရောက်မည်ဖြစ်၍ မြစ် ကမ်းဘေးမြို့နယ်များ ရေဘေး သတိပြုရန် လိုအပ်သည်။ ယခု ရက်ပိုင်း ရာသီဥတုအခြေအနေ အရ ကချင်ပြည်နယ်၊ စစ်ကိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန က သတိပေးထားသည်။
7Day






0 comments:
Post a Comment