Wednesday, July 24, 2019

ထိုင်း ဘုရင့်မယ်တော် မိဖုရားကြီးသီိရိခေတ် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါကြောင့် ဆေးရုံတက်ရ


ထိုင်းနိုင်ငံအား နှစ်ပေါင်း ၇၀ နီးပါး အုပ်ချုပ်လာခဲ့သည့် ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်၏ ကြင်ယာတော် ၊လက်ရှိထိုင်းဘုရင်၏ မယ်တော် မိဖုရားကြီးသီိရိခေတ်သည် အသက်ရှုလမ်းကြောင်းပိုးဝင်ရောဂါကြောင့် ဆးရုံတက်ရောက်ကာ ဆေးဝါးကုသမှုခံယူနေရကြောင်းသိရသည်။

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ်သည် လက်ရှိတွင် အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး အဖျားကြီးကာ ချောင်းအလွန်ဆိုးလာသည့်အတွက် ချူလာလောင်ကွန်းဆေးရုံကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဘုရင့်မယ်သည် မကျန်းမမာဖြစ်နေသည်မှာ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းကဖြစ်ပြီး၊ လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်ပြီး အဖျားလည်း မရှိတော့သလို အစာလည်း စားနိုင်ပြီကြောင်းနှင့် ဆရာဝန်များ၏အကြံပြုချက်ကြောင့် ဆေးရုံမှာ ဆက်နေရဦးမည်ဟု ဆိုသည်။

မိုးကျော်

0 comments:

Post a Comment