နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကလေးငယ်အား video conferencing စနစ်သုံး ၍ ယနေ့ တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Videov Conferencing စနစ်သည် ကလေးငယ်၏မျက်နှာအား တစ်ခုခုဖြင့် လုပ်ဆောင်ခြင်းမပြုရန်စစ်ဆေးခြင်း စွပ်စွဲခံရသူ၏မျက်နှာ အား ကလေးငယ်ကို Video ဖြင့်ပြသခြင်းးဖြစ် ပြီး အဆိုပါနည်းအား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ရှားပါးသည့် လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ၍ီးခင်မောင်ဇော်ကပြောသည်။
မေလ၁၆ရက်က နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင်တက်ရောက်နေသည့် ၃နှစ်ခန့်အရွယ် မိန်းကလေးတစ်ဦး မဖွယ်မရာပြုကျင့်ခံရပြီး ယင်းအမှုအတွက် ပထမဆုံးရုံးချိန်းကို ဇူလိုင် ၁၅ရက်က ဒက္ခိ ဏခရိုင်တရားရုံးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရုံးချိန်းစစ်ဆေးမှုများ တရားရုံးပြင်တွင် လာရောက် ဝန်းရံသူများဖြင့်ပြည့ှ်က်လျက်ရှိသည်။
လက်ရှိတွင်လည်း ဗစ်တိုးရီးယားအမှုတရားမျှတမှုရှိစေရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဆန္ဒ ထုတ်ဖော်ပွဲများပြုလုပ်လျက်ရှိသည်။












0 comments:
Post a Comment