မေလ ၃ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လျော့ရက်ဖြင့်လွတ်လာသူ ခိုးမှုဖြင့်ပြန်လည်အဖမ်းခံရကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ(၂၁) ရက်နေ့  နံနက်၉ နာရီချိန်တွင် ရန်ကုန်-နေပြည်တော်. Elite express ယာဉ် ဖြင့် လိုက်ပါလာသူ ဒေါက်တာ ဒေါ်သွယ်သွယ်ဝင်း(၆၁) နှစ် (အကြံပေး ကျန်းမာရေး ဝန်ကြီးဌာန)သည်. ၁၁၅ မိုင် ရပ်နားစခန်း feel စားသောက်ဆိုင်သို့  နေ့ လည် ၁၁နာရီ ၄၅မိနစ်အချိန်တွင် ရောက်ရှိပြီး ယာဉ်ပေါ်မှ ဆင်းကာ နားနေပြီးနောက် ယာဉ်ပေါ် ပြန်တက်ချိန်တွင်. ပါရှိလာသည့် laptop(၂) လုံး ယာဉ်ပေါ်တွင် ပျောက်ဆုံးနေခဲ့ခြငိးဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ညနေ ၃နာရီ၄၅မိနစ်အချိန်တွင်ဖြူစခန်းမှတပ်ဖွဲ့ဝင်များသည် ဖြူးမြို့ဈေးရှေ့တွင် ကျော်ဇင်ထွန်း ၂၁ နှစ်ရွှေစက်တော်ကျေးရွာမင်းဘူး မြို့နယ်နေသူအားDell စာတမ်းပါအိပ်အနက်တစ်လုံး
နှင့်အတူဖမ်းဆီးစစ်ဆေး ရှာဖွေခဲ့ရာ Drသွယ်သွယ်ဝင်း ပျောက်ဆုံးခဲ့သည့် Dell လက်ပတော့ ၁ လုံး၊Lenovo Latop ၁ လုံး၊ပိုက်ဆံအိပ်တစ်လုံး၊မှတ်စုစာအုပ်တစ်အုပ်၊ပရိတ်စာအုပ်တစ်အုပ် တို့အားသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ကျော်ဇင်ထွန်း ၂၁ နှစ်အား လက်ရှိတွင် စစ်ဆေးလျက်ရှိပြီး ၄င်းသည် Elite ကားတွင် လိုက်ပါလာသည့် ခရီးသည် ဖြစ်ပြီး မေလ(၃) ရက်နေ့ တွင် ညောင်ဦး ထောင်မှ လျော့ရက်ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် လွတ်မြောက်လာသူ ဖြစ်ကြောင်းသိရသည်။
နေခြံရံ
Isee Media







0 comments:
Post a Comment