
မူဆယ်မြို့နယ်၌ ဘိန်းဖြူ ၃၇.၈၈၄ ကီလိုနှင့် စိတ်ကြွဆေးပြား ၁.၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂နာရီခွဲက သတင်း အရ မူဆယ်မြို့နယ်၊ နမ့်အွန် ကျေးရွာ၌ ကျောက်တဲ့ယုံ (ဖ) ဦးကျောက်ဆန် ဖွင့်လှစ်ထားသည့် စက်သုံး ဆီဆိုင်၊ နေအိမ်နှင့် ဂိုထောင် တို့အား ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ တစ်ရွာတည်းနေ တင်ဆွေမြင့် (ဖ)ဦးစံပွားနှင့် ဂိုထောင်တာဝန်ခံ စိုးနိုင် (ဖ) ဦးသောင်းညွန့် တို့ တွေ့ရှိပြီး ဂိုထောင်အတွင်းရပ်ထား သည့် MDY 9F/×××× Landcruiser ယာဉ်ပေါ်၌ ဆပ်ပြာ ခွက် ၃၁၅၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၇ ဒသမ ၈၈၄ ကီလို(၁ ကီလိုလျှင် ကျပ် ၂၀၀ သိန်းနှုန်းဖြင့် တန်ဖိုး ကျပ် ၇၅၇၆ ဒသမ ၈ သိန်းခန့်)၊ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သိန်း(၁ ပြားလျင် ၁၅၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၂၇၀၀ သိန်းခန့်) သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါမော်တော်ယာဉ်အား ဇူလိုင် ၁၉ ရက် ညပိုင်းက စက်သုံးဆီ ဆိုင်ပိုင်ရှင် ကျောက်တဲ့ယုံနှင့် ညီဖြစ်သူ ကျော်အောင်မြင့်(ခ)ကျောက်ယို့ နမ့်အွန်ကျေးရွာ၊ မူဆယ်မြို့နယ်နေသူ တို့ ၂ ဦးမှ လာရောက် ထားရှိ ခဲ့ကြောင်း သိရှိရသဖြင့် မူဆယ်မြို့မရဲစခန်း မူးယစ်(ပ)၈၁/၂၀၁၉၊ မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ သိရသည်။
Credit
The Ladies News






0 comments:
Post a Comment