ထိုင်းနိုင်ငံ ဆူရတ်သာနီပြည်နယ် သာချန်ခရိုင်မှာ အရက်သောက်စားရင်း စကားများရန်ဖြစ်ကြရာမှ တစ်နိုင်ငံတည်းသား လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ဓါးနဲ့ ထိုးသတ်ခဲ့တယ်ဆိုတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲက ပြောဆိုပါတယ်။
မြန်မာအလုပ်သမား ဟန်ကိုကို (၂၆ ) နှစ်ကို တစ်နယ်တည်းသား စိုးဝင်း(၄၁) နှစ်အား ဓါးနဲ့ ထိုးသတ်မှုဖြင့် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း သိရပါတယ်။ ၄င်းတို့ နှစ်ဦးဟာ Sawiad မြို့ အမှတ် ၈ ကျေးရွာရှိ ဆီအုန်းစိုက်ခင်းတစ်ခုမှာ လုပ်ကိုင်နေကြသူတွေဖြစ်ကြောင်း သိရပါတယ်။
ဓါးထိုးလူသတ်မှုဖြစ်ကြောင်း ဇွန် ၃၀ ရက် ည ၉ နာရီ ၂၀ မိနစ်လောက်မှာ Sawiad ရဲတပ်ဖွဲ့ ထံ အကြောင်းကြားချက်အရ အခင်းဖြစ်နေရာကို ရဲတွေ သွားရောက်ခဲ့ပြီး ဟန်ကိုကို ဟာ ဆီအုန်းစိုက်ခင်းထဲ ထွက်ပြေးသွားခဲ့တာကြောင့် ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ ရဲ့ ပြောဆိုချက်အရ ၄င်းတို့ နေထိုင်ရာ အလုပ်သမားတန်းလျားမှာ အတူအရက်သောက် ကြရင်း စကားများရန်ဖြစ်ပြီး ဟန်ကိုကိုက စိုးဝင်းကို ဓါးနဲ့ နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ရဲက ဆိုပါတယ်။
Ref: The Nation
ကိုလင်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment