ဗီယက်နမ်နိုင်ငံမှာ လောင်းကစားရုံတစ်ရုံကို ရဲက ၀င်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နိုင်ငံသား ၃၈၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒါဟာ နိုင်ငံခြားသားတွေ အများဆုံးပါဝင်တဲ့ လောင်းကစားမှုဖြစ်ကြောင်း ဗီယက်နမ်ရဲက ပြောပါတယ်။ ဗီယက်နမ်မှာ ဘယ်လောင်းကစားနည်းကိုမဆို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အခုလတ်တလောနှစ်တွေအတွင်း တရုတ်နဲ့ ထိုင်ဝမ် လောင်းကစားဂိုဏ်းတွေက ဗီယက်နမ်မှာ အင်တာနက်အွန်လိုင်း လောင်းကစားဝိုင်းတွေ ထူထောင်လာခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကတော့ နိုင်ငံမြာက်ပိုင်းက ဆိပ်ကမ်းမြို့တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်အင်အား ငါးရာလောက်က တရုတ်ထူထောင်ထားတဲ့ လောင်းကစားကွန်ရက်တစ်ခုကို ၀င်ရောက်စီးနင်းခဲ့ရာမှာ အမေရိကန်ဒေါ်လာ သန်းလေးရာကျော်ဖိုး လည်ပတ်နေတဲ့ လောင်ကစားလုပ်ငန်းတစ်ခုကို ဖမ်းဆီးမိခဲ့ပါတယ်။
ဗီယက်နမ်မြေပေါ်မှာ ဥပဒေချိုးဖေါက်နေတဲ့ နိုင်ငံခြားသားတွေ အများဆုံးဖမ်းမိတာဖြစ်ကြောင်း ဗီယက်နမ် ရုပ်သံသတင်းက ဖော်ပြပါတယ်။
အဲဒီလောင်းကစားရုံကနေ စမတ်ဖုန်း နှစ်ထောင်နီးပါး၊ ကွန်ပြူတာ ၅၃၀၊ ဘဏ်ကဒ်တွေနဲ့ ငွေသားတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
Photo: Eric BARADAT / AFP
RFA
0 comments:
Post a Comment